unicode
အပိုင်း(၁၁) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၁၁)
ရေချိုးပြီးသွားသည့်ယောင်ဖန်းသည် ရေချိုးခန်းထဲမှ အလျင်အမြန်ထွက်လာသည်။
ဤနေ့တွင် ပိုင်ယွီအား စိတ်ရှည်ရှည်နှင့်စောင့်ရမည်ဟု ပိုင်လင်ကမှာထားသည်။
ယောင်ဖန်းသည် ပိုင်ယွီအား အရင်ကတည်းက လိုချင်နေခဲ့ပါသော်လဲ ရှေးရိုးစွဲလေးပိုင်ယွီကြောင့် အခွင့်မသာခဲ့ပေ။ ဤနေ့တွင် ထိုအခွင့်အရေးရောက်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားမိခဲ့ချေ။ပိုင်ယွီအား သိမ်းပိုက်နိုင်တော့မည်ဟု တွေးမိလေလေ ယောင်ဖန်း၏နှလုံးသားက ပျော်ရွှင်လာလေလေဖြစ်၍ ဟိုတယ်ကိုရောက်လာသောအခါ ရေကြိုချိုးထားရန်ပင် မစောင့်နိုင်ခဲ့ပေ။
ရေချိုးခန်းထဲမှထွက်လာသောအခါ ကုတင်နံဘေးတွင်ထိုင်နေသည့် ပိုင်ယွီအားတွေ့လိုက်ရသည်။
ယောင်ဖန်း၏ခန္ဓာကိုယ်အနှံ့မှ သွေးများဆူပွက်လာပြီး လုံးဝစိတ်လှုပ်ရှားနေလေသည်။သူ့ရှေ့မှပိုင်ယွီက အခြားတစ်ယောက်ဖြစ်သွားသလို ခံစားနေရသည်။ အတိတ်မှပိုင်ယွီက လှပသော်လဲ လက်ရှိပိုင်ယွီက အကြည့်တစ်ချက်နဲ့တင် သူ၏စိတ်ဝိဉာဉ်ကို ဖမ်းစားနိုင်သည်။
ပိုင်ယွီ၏မျက်နှာက သဘာဝနှင့်ဆန့်ကျင်စွာ ရဲတွတ်နေပြီး အကြည့်များက ရီဝေဝေရှိလှသည်။ ပယင်းရောင်မျက်ဝန်းအစုံက စိတ်လွတ်ထွက်သွားစေနိုင်သည့်အထိ ဆွဲဆောင်နေသည်။ အသာအယာတွန့်နေသောနှုတ်ခမ်းပါးများက မခို့တရို့ပြုံးနေသည့်နှယ်။ပြုံးရုံသာပြုံး၍ ဘာမှမလုပ်နေသည့်တိုင် ပြောမပြတတ်လောက်အောင် ဆွဲဆောင်မှုရှိပြီး ရင်သပ်ရှုမောဖြစ်ရသည်။ ပိုင်ယွီသည် ကမ္ဘာပေါ်တွင်မရှိခဲ့ဖူးသော နတ်သားလေးတစ်ပါးနှယ်။ ကြည့်နေမိရုံနဲ့တင် သူ့ကိုရူးသွပ်သွားစေသည်။
ယောင်ဖန်းသည် မသိလိုက်ဘာသာ တံတွေးမြိုချလိုက်မိပြီး ပိုင်ယွီအနားသို့ ကတုန်ကယင်နှင့် လျှောက်သွားလေသည်။
"ပိုင်ယွီ ကိုကို့အနားကိုလာပါ ဒီနေ့မှာ ကိုကိုက ပိုင်ယွီ့ကို ကောင်းကောင်းဂရုစိုက်ပေးမှာပါ"
ယောင်ဖန်းဘဝတွင် ဤမျှလောက်အထိ တစ်ခါမှစိတ်မလှုပ်ရှားဖူးပေ။ ပိုင်ယွီသည် အမှန်တကယ်ပင် ထိပ်တန်းအဆင့်မီ အရည်အသွေးများရှိသူလေးပင်။ မြင်လိုက်ရုံနဲ့တင် သွေးများဆူပွက်စတင်လာရသည်။
သို့သော်ငြား ပိုင်ယွီသည် သူ့အားမထီမဲ့မြင်ကြည့်လိုက်ပြီး သတိပေးလာသည်။
"ယောင်ဖန်း ငါ့ကိုလာမထိနဲ့ မဟုတ်ရင် အကြီးအကျယ်နောင်တရသွားလိမ့်မယ်"
ထိုမှင်စာပေါက်လေးကို လုံးဝစွဲလန်းနေပြီဟု ယောင်ဖန်းခံစားလိုက်ရသည်။ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါပေ။ ဤနေ့တွင် မိုးနတ်မင်းက တားမြစ်လျှင်ပင် ပိုင်ယွီကိုတော့ အရယူရလိမ့်မည်။
"ပေါင်ပေ့ မင်းကိုထိတွေ့ခွင့်မရရင် ကိုကိုနောင်တရနေလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ယောင်ဖန်းသည် ပိုင်ယွီထံပြေးသွားပြီး ထိုကောင်လေးအား ကုတင်ပေါ်တွန်းလှဲချလိုက်သည်။
ထိုအခိုက်အတန့်ဝယ် အသံကျယ်ကြီးတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။
"ဘန်း"
သီးသန့်ခန်း၏တံခါးသည် နျဲ့လင်းယွီ၏ကန်ဖွင့်ခြင်းကို ခံလိုက်ရသည်။
တံခါးပွင့်သွားပြီးချိန်၌ နျဲ့လင်းယွီပထမဆုံးမြင်လိုက်ရသည်က အဝတ်ဗလာနှင့်ယောင်ဖန်းက ကုတင်ပေါ်မှပိုင်ယွီအား အုပ်မိုးထားသည်ကိုပင်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️