Arc 3.1(2)

3.9K 391 18
                                    

unicode

အပိုင်း(၅၄) (ရူးနေတဲ့အဲ့ဒီဗန်ပိုင်းယားက ငါ့ယောကျာ်း ၁.၂)

နူးညံ့သောနေရောင်ခြည်က မျက်နှာပေါ်ကျလာချိန်တွင် ပိုင်ယွီ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။

မနေ့ကအထိ သူ့အားမထီမဲ့မြင်ပြုခဲ့သူဗီလိန်သည် ယခုအခါတွင်မူ သူ့အား ရေဘဝဲသဖွယ် ဖက်ထားလေသည်။ ပြင်းထန်သောဒဏ်ရာများကြောင့် ဗီလိန်သည် မနိုးလာသေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကာ ဟောက်သံများပင် ထွက်နေလေသည်။

အိပ်မောကျနေချိန်တွင် ထိုသူသည် ယဉ်ကျေးသောကလေးတစ်ယောက်နှင့်တူကာ မောက်မာသောအကြည့်များ ရှိမနေခဲ့ပေ။ ရှည်လျားသော ငွေရောင်ဆံနွယ်များက အလွန်နူးညံ့မည့်ပုံပေါ်ပြီး ထိုသူ၏မျက်နှာမှာလဲ အလွန်ဖြူစွတ်နေသည်။ ရှည်လျားသောမျက်တောင်များက လိပ်ပြာ၏တောင်ပံလှလှများနှယ်။

ပိုင်ယွီ မအောင့်နိုင်တော့ဘဲ ထိုသူ၏မျက်နှာကို လက်နှင့်ထိုးကြည့်နေမိသည်။

လူဆိုးကောင်၏ သူ့အပေါ်သဘောထားမှာ -၃၀%တွင်သာ ရှိနေသေးပြီး အရေးမပါသောကိစ္စလေးနှင့် ထိုမျှမထိ ကျဆင်းသွားရခြင်းဖြစ်သည်။ ထိုသူအား သေအောင်ပင် ရိုက်သတ်ပစ်ချင်မိသည်။

စိတ်ထဲ၌ ထိုသို့တွေးနေမိသော်လဲ ပိုင်ယွီသည် မရိုက်ရက်ခဲ့ပေ။ ထိုအစား ပါးကိုထိကြည့်နေသော လက်တွင်သာ အားထည့်လိုက်သည်။

ထိုအချိန်တွင် ဗီလိန်၏မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့သည်။

ထိုသူ၏အပြာရောင်မျက်ဆံများက အဆုံးမရှိသောရေကန်တစ်ကန်နှင့်တူသည်။ ဗီလိန်သည် သူ၏ပါးကို ထိကြည့်နေသော ပိုင်ယွီအား စိုက်ကြည့်လာခဲ့သည်။

ပိုင်ယွီသည် ရုတ်တရက်လက်ကို ပြန်ရုတ်သိမ်းကာ ရှက်ကိုးရှက်ကန်းနှင့် ထိုသူအားကြည့်နေမိသည်။

တွန့်တိုတတ်သော ထိုယောကျာ်းအကြောင်း တွေးကြည့်မိရုံနဲ့တင် မူးဝေလာရသည်။

တဆိတ်လောက်ခင်ဗျ၊ ဒီအခေါက်ရော နှစ်သက်မှုက ဘယ်လောက်ကျသွားဦးမှာလဲဟင်...

၁၀%လား၊ ၂၀%လား...

သို့သော်လဲ ရှောင်မီဟူ၏အသံက မထွက်ပေါ်လာခဲ့ချေ။

တစ်ဖက်တွင်မူ သူ့ရှေ့မှအမျိုးသားသည် မျက်လုံးပုတ်ခတ်ပုတ်ခတ်နှင့် သူ့အားကြည့်နေခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now