Arc 1.3

7.3K 716 1
                                    

Unicode

အပိုင်း(၃) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၃)

[အချိန်ကျပြီ အချိန်ကျပြီ ]

ရှောင်မီဟူသည် စိတ်လှုပ်ရှားစွာပြောနေခဲ့သော်လဲ ခဏအကြာတွင် ညှိုးငယ်သွားသည်။

[ဒါပေမဲ့ Host သူကအခုမေ့လဲနေတာနော်။ အခုနေ အပေါ်ကနေလိုက်မယ်ဆို မနက်ဖန်ကျရင် Hostရဲ့ခြေထောက်တွေ အချိုးခံရပြီဆိုတာ ကျွန်တော်အာမခံတယ်]

ရှောင်မီဟူသည် ပိုင်ယွီကိုကြည့်နေရင်းမှ ကြေကွဲဖွယ်အနာဂတ်ကိုပါ မြင်နေရသကဲ့သို့ မရှိသည့်မျက်ရည်များပါ ကျလာရသည်။

ပိုင်ယွီကမူ ရှောင်မီဟူကြောင့် ဆွံ့အနေဆဲပင်။

"ငါ့အပေါ်မှာနေမယ်လို့ မင်းကိုဘယ်သူပြောလဲ"

အောက်မှာနေရတာ ဘယ်လောက်ကောင်းလိုက်သလဲ။ ဘာကိစ္စကြောင့် အပေါ်တက်ပြီး အပင်ပန်းခံရမှာတုန်း...။

[ဒါဆို အခုဘာလုပ်မှာလဲ]

ပိုင်ယွီက ခဏတွေးပြီးနောက် ပြောပြလိုက်သည်။

"မင်းမှာ အခြားလူတွေရဲ့မှတ်ဉာဏ်ကို ပြောင်းလို့ရတဲ့နည်းမရှိဘူးလား ဥပမာ သူနဲ့ငါက အိပ်ခဲ့တယ်ဆိုတာမျိုးပေါ့"

[မရဘူးနော် Host အလွယ်လမ်းလိုက်တာ မကောင်းဘူး ဘာလို့အခြားနည်းကို မတွေးတာလဲ]

ပိုင်ယွီ၏လေသံထဲ၌ စိတ်ပျက်မှုတို့အပြည့်ပင်။"အခြားနည်းကိုတွေးရမယ်...Systemအသစ် ပြောင်းခိုင်းတာမျိုးလား]

ရှောင်မီဟူ စတင်ငိုကြွေးတော့သည်။ [ဟေး Hostမှာ ကျွန်တော်ပဲရှိတာနော် ချစ်ဖို့ကောင်းရဲ့သားနဲ့ ဘာလို့ဒီလိုပြောရတာလဲ]

ပိုင်ယွီသည် ဘာမှပြန်မပြောတော့ဘဲ နျဲ့လင်းယွီ၏ကုတင်ပေါ်တက်၍ ဘာမှမဖြစ်ခဲ့သလိုပင် နံဘေးတွင်ဝင်အိပ်ကာ လက်တစ်ဖက်ကိုပင်ဆွဲယူ၍ သူ့ခါးပေါ်တင်ထားလိုက်သည်။

တစ်ချက်ပြန်တွေးကြည့်ပြီးနောက် သူ၏ခန္ဓာကိုယ်ပေါ်တွင် အနီကွက်များပေါ်အောင် ဆွဲဆိတ်လိုက်ပြီး နျဲ့လင်းယွီ၏ကိုယ်ပေါ်တွင်လဲ စတော်ဘယ်ရီတစ်ခင်းစိုက်လိုက်သည်။ ထို့နောက် တစ်ဖက်လူ၏ရင်ခွင်ထဲတိုးဝင်ကာ မျက်လုံးများမှိတ်ထားလိုက်သည်။

[Host တကယ်ကြီး ဒီနည်းအတိုင်း အရူးလုပ်မလို့လား]

ပိုင်ယွီက ခေါင်းငြိမ့်ပြပြီး တည်ကြည်စွာဖြင့် "စမ်းကြည့်တာပေါ့ သူသိနိုင်မှာမှမဟုတ်ဘဲ"

နျဲ့လင်းယွီနိုးလာချိန်တွင် ပိုင်ယွီသည် သူ့ရင်ခွင်ထဲရောက်နေသည့်အပြင် သူ၏ခန္ဓာကိုယ်အား ရေဘဝဲတစ်ကောင်လို ဖက်တွယ်ထားသည်။

နျဲ့လင်းယွီ၏မျက်လုံးများက ရုတ်တရက်ကျဉ်းမြောင်းသွားပြီး သူ၏လက်က ပိုင်ယွီ၏လည်ပင်းဆီ ချက်ချင်းရောက်သွားသည်။

ညကဖြစ်ခဲ့သောကိစ္စအားလုံးကို သူမှတ်မိနေသေးသည်။ သူ့ရှေ့မှလူအား လည်ပင်းညှစ်သတ်ကာ သူ၏နံဘေးတွင် ထာဝရအတူခေါ်ထားချင်သည်။

သို့သော် လက်ချောင်းများက ရှေ့ဆက်တိုးခဲ့ပေ။

သူတကယ် တွန့်ဆုတ်နေမိသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now