Arc 4.21(2)

1.4K 122 0
                                    

unicode

အပိုင်း(၉၈) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၁.၂)

ကျောင်းပန်းလေးအိမ်သို့သွားနေသောကားပေါ်တွင် ရှဲ့ကျွင်းယန်သည် ပိုင်ယွီအား ရင်ခွင်ထဲထည့်ထားသည်။

"နာနေသေးလား"

သူ၏အသံထဲ၌ နာကျင်မှုတို့အပြည့်ပင်။

ပိုင်ယွီ ခေါင်းယမ်းပြလိုက်သည်။ တကယ်တမ်းတွင် အရိုက်ခံလိုက်ရစဉ်က အတော်လေးနာကျင်သွားသော်ငြား ရှောင်မီဟူက အကာအကွယ်ဒိုင်းကို ချက်ချင်းဖွင့်ပေးခဲ့သည်။

ထို့ကြောင့် နာကျင်မှုကိုမခံရသည့်တိုင် သူခန္ဓာကိုယ်တွင် သက်ရောက်မှုရှိနေဆဲပင်။

ထို့ကြောင့်လက်ရှိတွင် ပိုင်ယွီ၏မျက်နှာက အလွန်အမင်းဖြူဖျော့နေပြီး ခေါင်းထက်၌ ချွေးစေးများပြန်နေလေသည်။ တစ်ကိုယ်လုံးကလဲ နုံးချိနေသည်။

ထိုသို့သော ပိုင်ယွီ၏ပုံစံလေးကိုမြင်နေရသဖြင့် ရှဲ့ကျွင်းယန်သည် စိတ်မကောင်းဖြစ်ရသလို ဒေါသလဲထွက်မိသည်။

ပိုင်ယွီအား ညစ်ပတ်စွာဒုက္ခပေးခဲ့သူကို ဒေါသထွက်ရုံသာမက ပိုင်ယွီအား တစ်ယောက်ထဲပစ်ထားခဲ့မိသည့် သူ့ကိုယ်သူလဲ ဒေါသထွက်မိသည်။

'ဘယ်လိုလုပ်....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တကယ်လို့ သူသာအချိန်မီမရောက်ခဲ့ရင် ပိုင်ယွီက လူရမ်းကားတွေလက်ထဲမှာ အနိုင်ကျင့်ခံသွားရနိုင်တယ်'

နောက်ဆက်တွဲအကြောင်းများကို တွေးပင်မတွေးကြည့်နိုင်တော့ပေ။

ရှဲ့ကျွင်းယန်သည် ပိုင်ယွီအား တင်းကျပ်စွာဖက်ထားခဲ့ပြီး မျက်မှောင်ကျုံ့ထားဆဲပင်။

ဤကမ္ဘာပေါ်တွင် ပိုင်ယွီအား ထိခိုက်အောင်လုပ်သောမည်သူ့ကိုမဆို သက်ညှာပေးလိမ့်မည်မဟုတ်ပေ။ ထိုသူများကို အဆိုးရွားဆုံးပြစ်ဒဏ် ချမှတ်ပေးရလိမ့်မည်။

နဂိုအစီအစဉ်အရ ကျောင်းပန်းလေး၏အိမ်ကို အရင်သွားချင်ခဲ့သည်။ ထို့ကြောင့်လဲ ရဲကားသည်ပင် သူ့ကားအနောက်မှ လိုက်လာခဲ့သည်။ သို့သော် ပိုင်ယွီ၏အခြေအနေက သူ့ကိုအလွန်စိတ်ပူစေသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now