unicode
အပိုင်း(၁၉) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၁၉)
ပိုင်ယွီသည် တက္ကစီပေါ်တက်သွားသော်လဲ ယောင်ဖန်းထံမသွားခဲ့ပေ။ ထိုအစား လမ်းကြောင်းပြောင်းစေပြီး မြို့ထဲဘက်သို့ ဦးတည်ခဲ့သည်။ ထို့နောက် နေ့တဝက်စာမျှ လမ်းသွယ်လေးများထဲ၌ လျှောက်သွားခဲ့သည်။
နျဲ့လင်းယွီအတွက် နက်ခ်တိုင်ကို ပျော်ရွှင်စွာ လိုက်ကြည့်နေခဲ့သည်။ ကောင်တာရှိ အရောင်အသွေးစုံ နက်ခ်တိုင်များက သူ့ကိုမူးနောက်လာစေသည်။
"ရှောင်မီဟူ မင်းပြောပါဦး ဗီလိန်အတွက်ဆို ဘယ်ပုံစံကို ငါရွေးသင့်လဲဆိုတာကို"
သူ့အကြိုက်များရှိသော်လဲ မူလဇာတ်ကောင်သည် ဆင်းရဲလွန်းသဖြင့် အဝတ်ကောင်းကောင်းပင် မဝယ်ဖူးပေ။
သို့သော် သူ၏အနာဂတ်အတွက် တွေးပူနေစရာမလိုတော့သဖြင့် မူလဇာတ်ကောင်၏ရှိစုမဲ့စုလေးများကို အကူန်သုံးပစ်လိုက်သည်။
အေးဆေးဖြစ်နေသော ပိုင်ယွီနှင့်ယှဉ်ပါက ရှောင်မီဟူတစ်ယောက် သေချင်စော်ပင်နံနေသည်။
[သွားပါပြီ...သွားပါပြီ Hostရေ ဆက်ရွေးမနေဘဲ မြန်မြန်ပြန်ကြရအောင်လို့ ဗီလိန်ရဲ့အမှောင်ဖုံးမှုက အလွန်အကြူးတွေဖြစ်ကုန်ပြီနော် ၉၀%ကိုကျော်သွားပြီမို့ အခုမှမပြန်ရင် အကုန်သွားပြီပဲ]
"နှစ်သက်မှုကရော ဘယ်လိုလဲ"
[ဘယ်ရှိပါတော့မလဲ]
[နေဦး...ကြည့်ပါရစေဦး]
[ဟေး...မကျသွားဘူးဟ]
ရှောင်မီဟူက အံ့သြနေပြီး ယုတ္တိကျကျပြောပါက မေ့လဲချင်စိတ်ပါပေါက်နေသည်။ ဘာတွေများဖြစ်သွားပါလိမ့်။
ပိုင်ယွီ၏နှလုံးသားထဲ၌မူ သေချာသိနေသည်။
"နှစ်သက်မှုက ၈၀%ကိုကျော်သွားတဲ့အခါ အချစ်ဖြစ်သွားတယ်လေ တစ်ယောက်ယောက်ကိုချစ်မိသွားရင် လွယ်လွယ်နဲ့မပြောင်းလဲဘူးကွ"
ထိုစကားကို လူတစ်ယောက်ဆီက ကြားခဲ့ဖူးခြင်းဖြစ်ပြီး ဤဖြစ်ရပ်နှင့် တူညီနေသည်။ ဗီလိန်က သူ့ကို တကယ်ချစ်သွားပုံပင်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️