unicode
အပိုင်း(၅၆) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၃.၂)
"ယွီယွီက တကယ်ပဲ ကျွန်တော့်လက်သည်းတွေကို ညှပ်ချင်တာလားဟင်"
ရှစ်ယွင်ယီ တွန့်ဆုတ်နေမိသည်။
"ဒါပေါ့ မင်းကြည့်...မင်းရဲ့လက်သည်းတွေက အရမ်းရှည်နေတာ တကယ်လို့မညှပ်ပစ်ရင် ဘက်တီးရီးယားတွေ အများကြီးက အဲ့ထဲမှာနေနေကျမှာ"
"တကယ်ကြီး"ရှစ်ယွင်ယီသည် ပိုင်ယွီကိုကြည့်ကာ မျက်ရည်ဝဲလာသည်။
လက်သည်းရှည်တို့သည်ကား ဗန်ပိုင်းယားတို့၏ မာနတရားထဲတွင်ပါဝင်ကြောင်း ပိုင်ယွီမသိရှာပေ။ ရှစ်ယွင်ယီလိုသူအတွက် အလွန်ရှည်လျားသော လက်သည်းများရှိနိုင်သည်။
သို့ပါသော်လဲ ယခုအခါတွင် ထိုလက်သည်းများမှာ ပိုင်ယွီ၏ညှပ်ဖြတ်မှုအောက် ကျရောက်သွားပြီဖြစ်သည်။
ရှစ်ယွင်ယီသည် သူ၏လက်သည်းများကိုကြည့်ကာ အလွန်အရေးကြီးသောအရာတစ်ခု ဆုံးရှုံးသွားသလို ခံစားနေရပြီး အလိုလိုငိုချင်လာသည်။
သူ၏နှုတ်ခမ်းကို စေ့ထားပါသော်လဲ ပိုင်ယွီက ပြုံးပြ ကာ နမ်းလာခဲ့သည်။ရှစ်ယွင်ယီ၏မျက်လုံးများက ရုတ်တရက်တောက်ပလာခဲ့သည်။ သူ၏နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုတို့ကပေါက်ကွဲထွက်လာသည်။
ယွီယွီက သူ့ကိုနမ်းတယ်။အရမ်းပျော်တာပဲ၊ ထပ်လိုချင်သေးတယ်။
ပိုင်ယွီသည် ရှစ်ယွင်ယီ၏ဆံနွယ်ရှည်များကို ပွတ်သပ်လိုက်သည်။
"မင်းရဲ့ဆံပင်တွေက အရမ်းရှည်လွန်းနေတယ် ခြေဖနောင့်အထိတောင် ရောက်နေပြီမလား"
လက်ရှိအခြေအနေအရ ပိုင်ယွီသည် သူ၏ဆ့ပင်များကို ဖြတ်ပြီးသည်နှင့် အစောပိုင်းကကဲ့သို့ နမ်းပေးလိမ့်မည်။
"ကောင်းပြီ"ပိုင်ယွီကမူ ထိုဆံပင်ရှည်ကြီးများက ထိန်းသိမ်းရန်ခက်ခဲလွန်းနေမည်ကိုသာ ပူပန်သောကြောင့် နှစ်ခါမတွေးတော့ဘဲ ရှစ်ယွင်ယီ၏ဆံပင်ရှည်ကြီးအား ညှပ်ပစ်လိုက်သည်။
သို့သော် ပိုင်ယွီ၏ဆံသစွမ်းရည်မှာ အမှန်တကယ်ပင် ညံ့ဖျင်းလွန်းသောကြောင့် လှပနေသောဆံနွယ်ရှည်ကြီးမှာ ဖျက်ဆီးခံလိုက်ရသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️