unicode
အပိုင်း(၉၃) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၆.၁)
ရှဲ့ကျွင်းယန်သည် ပိုင်ယွီကိုမလွှတ်ပေးဘဲ အချိန်အတော်ကြာသည်အထိ နမ်းရှိုက်နေခဲ့သည်။ သူ၏လက်အစုံက ပိုင်ယွီ့ခန္ဓာကိုယ်တစ်ဖက်တစ်ချက်စီတွင် နေရာယူထားပြီး အပေါ်စီးမှအုပ်မိုးထားပြီး အပြုံးမပျက် ငုံ့ကြည့်နေလေသည်။
ပိုင်ယွီ၏ပါးများက နီရဲနေပြီး အမြင်အာရုံပါ ဝေဝါးလာသလို ရှက်ရွံ့မှုကြောင့် မျက်ခုံးတို့ကလဲ အနည်းငယ်တွန့်ချိုးနေသည်။ သို့သော်ငြား အလွန့်အလွန်ဆွဲဆောင်မှုရှိနေဆဲပင်။
ရှဲ့ကျွင်းယန်သည် ထိုသို့သောပုံစံလေးနှင့် ပိုင်ယွီကိုငေးကြည့်နေရင်းမှ ချက်ချင်းအိမ်ပြန်ခေါ်သွားပြီး စားပစ်လိုက်ချင်မိသည်။ သို့ပါသော်လဲ လက်ရှိတွင် ၂ဦးစလုံး သရုပ်ဆောင်နေရသေးသောကြောင့် ဘာမှမလုပ်နိုင်ခဲ့ပေ။
ယခုအခါတွင် ဇာတ်ကြောင်းအရ အိပ်မောကျနေသောအလှလေးသည် မင်းသားထံမှ အနမ်းခံရပြီးနောက် နိုးထလာရတော့မည့်အချိန်ဖြစ်သည်။
သို့သော် ပိုင်ယွီခမျာ အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်က သိသာလွန်းပြီး ဘာမှမတုံ့ပြန်နိုင်ခဲ့သလို ချက်ချင်းမထလာနိုင်ခဲ့ပေ။ ရှဲ့ကျွင်းယန်ကလဲ သတိမပေးဘဲ အကြံဆိုးနှင့် စကားကိုဆိုသည်။
"ကြည့်ရတာ အနမ်းတစ်ပွင့်က မလုံလောက်တဲ့ပုံပဲ ကျွန်တော်တို့အလှလေးက မနိုးထလာသေးဘူး ဒါဆို ဘာဆက်လုပ်သင့်တယ်လို့ထင်ကြပါသလဲ"
"သူ့ကိုနမ်း သူ့ကိုနမ်း"
ရှဲ့ကျွင်းယန်သည် ခန့်ငြားစွာပြုံးပြလိုက်ပြီးနောက် ပိုင်ယွီအားအပေါ်မှအုပ်မိုး၍ ထပ်မံနမ်းရှိုက်ပြန်သည်။
"အား......"
"အား..........."
ကျောင်းဝင်းတစ်ဝင်းလုံး ရူးသွပ်သွားကြပြီး လူတိုင်းက အရူးများသဖွယ် အာခေါင်ခြစ်၍ အော်ဟစ်ကုန်ကြသည်။
ယောကျာ်းလေးရော မိန်းကလေးပါ ထိုသို့အသံမျိုးနှင့် အော်ဟစ်နေကြပြီး ကျောင်းအကြီးအကဲများ၏မျက်နှာတို့သည်လဲ ပြာနှမ်းနေရာမှ မည်းနက်ကုန်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️