unicode
အပိုင်း(၁၀၀) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၃.၁)
"ရဲအရာရှိကြီး ခင်ဗျားမှားနေပြီ"
သမီးဖြစ်သူထံမှ ထိုသို့စကားမျိုးကြားသောအခါ သူမ၏ဖခင်ကလဲ ဝင်ရောက်ငြင်းဆိုတော့သည်။
"ငါ့သမီးက အဲ့လိုကိစ္စမျိုးလုပ်မှာမဟုတ်ဘူး"
"မှားတယ်တဲ့လား"
ရှဲ့ကျွင်းယန်က အေးစက်စက်နှင့် အသံပြုလိုက်ပြီးနောက် ကျောင်းပန်းလေးရှိရာသို့ လျှောက်သွားလေသည်။ ထို့နောက် ကျောင်းပန်းလေးလက်ထဲမှ ဖုန်းကိုယူကာ ရဲလက်အပ်လိုက်လေသည်။
"လူတိုင်းတွေ့မှာပါ ကျွန်တော်က အခုလေးတင် သူ့လက်ထဲကဖုန်းကိုယူပြီး ရဲကိုအပ်လိုက်ပါတယ် ကျွန်တော့်မှာ ဘာမှလုပ်ဖို့ အချိန်မရလိုက်ပါဘူး လူရမ်းကားတွေရဲ့ဖုန်းထဲမှာ သူ့ဆီကစာရှိနေတယ်ဆို သူမရဲ့ဖုန်းထဲမှာလဲ တစ်စုံတစ်ရာရှိနေမှာပါ"
ရှဲ့ကျွင်းယန်၏စကားကို ကြားလိုက်ရသောအခါ ကျောင်းပန်းလေးသည် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။
သူမသည် ဝက်တစ်ကောင်မဟုတ်။ ထိုမက်ဆေ့ချ်အား ဖျက်ပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ း
"အိုး စကားမစပ်"
ရှဲ့ကျွင်းယန်သည် ကျောင်းပန်းလေး၏ စိတ်အေးလက်အေးဖြစ်သွားသော အမူအရာကိုကြည့်၍ တမင်ပြောလိုက်သည်။
"မင်းကိုပြောပြဖို့မေ့နေတာ လက်ရှိနည်းပညာနဲ့ဆို ဖျက်ထားတဲ့မက်ဆေ့ချ်တွေတောင် ပြန်လိုလျင်တယ်ဆိုရင် မိနစ်ပိုင်းအတွင်း ပြန်ရှာလို့ရတယ် မင်းမှာလွတ်လမ်းမရှိဘူး"
ယခုအခါတွင် သက်သေအထောက်အထား အစုံအလင်ရှိနေပြီဖြစ်သည်။
ငြင်းဆန်ရန်မဖြစ်နိုင်တော့သောအခါ ကျောင်းပန်းလေး၏မျက်နှာက လုံးဝပျက်ယွင်းသွားသည်။
"မဟုတ်တာ မဟုတ်ဘူး အဲ့တာငါမဟုတ်ဘူး ငါမဟုတ်ဘူး"
"မဟုတ်လဲ ရဲစခန်းကို အရင်သွားကြတာပေါ့ ရောက်သွားမှပြောကြရအောင်"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️