unicode
အပိုင်း(၅၈) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၅.၁)
ပိုင်ယွီသည် ထိုသူများအား လုံးဝလျှစ်လျှူရှုကာ ရှစ်ယွင်ယီအား အော်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း မသေချင်ရင် ငါ့နောက်လိုက်ခဲ့"
ထို့နောက် ရှစ်ယွင်ယီ၏လက်ကိုဆွဲကာ အိမ်ထဲပြေးဝင်သွားလေသည်။
ရှစ်ယွင်ယီ လုံးဝအံ့သြသွားရသည်။
ဆိုတော့ကာ အဲ့ဒီငတုံးက သူ့ကို တကယ်ကယ်ပေးချင်နေတာပေါ့။
သူ့လက်ကိုဆွဲပြီးတော့တောင် ပြေးနေသေးတယ်။
သူက ပျံသန်းနိုင်တယ်ဆိုတာကို မသိဘူးလား၊ ဘာလို့ ဒီလောက်တောင် တုံးရတာလဲ။
ကလေးအရွယ်မှစ၍ ယခုချိန်အထိ ရှစ်ယွင်ယီဘဝတွင် ဤမျှအထိ တုံးအသူကို မတွေ့ခဲ့ဖူးပေ။ ငွေလက်ဝါးကပ်တိုင်များသည် သာမန်ဗန်ပိုင်းယားများတွင် အလုပ်ဖြစ်သော်လဲ သူကမူ ဧကရာဇ်တစ်ပါးဖြစ်သည်။ ထိုအရာများက သူ့အတွက် အမှိုက်သာသာအဆင့်သာရှိသည်။
သို့ပါသော်လဲ သူ၏စိတ်ထဲ၌ ပိုင်ယွီအား အထင်အမြင်သေးနေမိသည့်တိုင် တစ်ဖက်လူ၏ ပူပန်နေသောအပြည့်များ လူအများအပြားကိုပင် အာခံကာ သူ့အားကာကွယ်ပေးနေပုံများကိုကြည့်ကာ မုန်းတီးမှုများလဲ တဖြည်းဖြည်းလျော့ပါးလာရသည်။
တည်ငြိမ်နေသော ရေကန်ထဲသို့ ခဲတစ်လုံးပစ်ချလိုက်သည့်နှယ် သူ၏ရင်ထဲ၌ လှိုင်းထနေခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ ရယ်သံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုသူသည် လေထဲမှ ရုတ်တရက်ပေါ်လာပုံရသော်လဲ သူတို့အား ကြာမြင့်စွာစောင့်ကြည့်နေခဲ့ပုံပင်။
ယောကျာ်းတစ်ယောက်၏ စကားပြောသံ ထွက်ပေါ်လာသည်။
"ရှစ်ယွင်ယီ မင်းမှာလဲ ဒီလိုနေ့မျိုးရှိလာမဲ့လို့ မမျှော်လင့်ထားမိဘူး မင်းဘဝက တကယ်ပဲ လူသားရဲ့အကူအညီကို လိုအပ်နေရတယ်လို့"
ထိုလူသည် တံစက်မြိတ်ပေါ်တွင်ထိုင်ကာ ရှစ်ယွင်ယီအား စနောက်ပြီး လှောင်ရယ်နေခဲ့သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️