Arc 3.8(1)

2.7K 319 0
                                    

unicode

အပိုင်း(၆၁) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၈.၁)

ဖော်မပြတတ်စွမ်းသာသော နာကျင်မှုတို့က နှလုံးသားထဲ၌ ပြည့်နှက်သွားခဲ့သည်။

သူစိတ်ဖောက်ပြန်ခဲ့စဉ်က လုံးဝလှည့်စားခဲ့ပါသော လူများထံမှ သူ့အားကာကွယ်ပေးရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါသော ထိုလူသားလေးသည် အမှန်တကယ်ပင် မီးရှို့ခံရပြီး သေဆုံးသွားပါပြီလော။

အဘယ်သို့ဖြစ်နိင်ပါမည်နည်း။

ယခင်ကမူ ရှစ်ယွင်ယီသည် သူ၏အတိတ်ဆိုးကို မေ့ပစ်ရန်အတွက် နည်းလမ်းများကိုသာ စဉ်းစားနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မြင့်မြတ်သောဧကရာဇ်တစ်ပါးအနေနှင့် သူသည် အမြင့်မြတ်ဆုံး ဖြစ်တည်မှုဖြစ်သည်။ သူ၏ဆိုးရွားသောအတိတ်ကို ခွင့်မပြုပေးနိုင်ပေ။

ထို့ကြောင့် ဒဏ်ရာမှသက်သာ၍ မှတ်ဉာဏ်များပြန်ရချိန်တွင် သူ့ခေါင်းထဲ၌ ပထမဆုံးဝင်လာခဲ့သည်က ထိုအတိတ်အား ဖုံးကွယ်ပစ်နိုင်မည့်နည်းလမ်းများပင်။

သို့သော် ယခုအခါတွင်မူ ထိုအတိတ်က အရေးမကြီးတော့သလို ခံစားလာရသည်။ အတိတ်ကိုဖုံးကွယ်ရန် ပိုင်ယွီအား သတ်ပစ်ချင်ခဲ့သော်လဲ ယခုအချိန်၌မူ ပိုင်ယွီအား အသက်ရှိနေစေချင်မိသည်။

တုန်ရင်နေသော သူ၏အသံကိုပင် ရှစ်ယွင်ယီတစ်ယောက် သတိမထားမိပါချေ။

"မော့ယွင် ပြစ်ဒဏ်ကို ဘယ်အချိန်စီရင်မယ်ဆိုတာ မင်းသိလား"

မော့ယွင်သည် ရှုပ်ထွေးနေသော ရှစ်ယွင်ယီ၏ပုံစံကိုကြည့်ကာ အလွန်အမင်းထူးဆန်းနေသည်ဟုသာ ခံစားရသည်။

သူသည်လဲ ထိုကောင်လေး၏သွေးရနံ့ကို ရှုရှိုက်ခဲ့ဖူးပါသည်။ ထိုသွေးရနံ့မှာ မွှေးပျံ့လှပါသော်ငြား အစားအသောက်သည်ကား အစားအသောက်သာဖြစ်သည်။ ရှစ်ယွင်ယီ၏စိတ်ပူပန်မှုကိုရရန် လုံးဝမထိုက်တန်ပါချေ။ ထိုသူသည် အဘယ်ကြောင့်များ ပြင်းထန်စွာစွဲလန်းသွားရပါသနည်း။

ထူးဆန်းနေပါသော်ငြား မော့ယွင်သည် သိထားသမျှအားလုံးကို ရှစ်ယွင်ယီအား ပြောပြခဲ့သည်။

"ဒီနေ့ဖြစ်လောက်မယ်ထင်တယ် ဒါပေမဲ့ အခုပဲ ညရောက်နေပြီမလား ဒါကြောင့်လဲ လူက ပြာကျသွားလောက်ပြီလို့ ငါပြောတာ"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now