unicode
အပိုင်း(၆၂) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၉.၂)
ထိုမြင်ကွင်းကြောင့် အနီးမှကျန်လူများသည်လဲ ရှော့ရသွားကြသည်။
"ဘုန်းတော်ကြီး ကျွန်တော်တို့ဘာလုပ်ရမှာပါလဲ အဲ့ဗန်ပိုင်းယားက ပိုင်ယွီကို ကယ်လိုက်ပြီ သူက ကျွန်တော်တို့ကို သတ်လိမ့်မယ် ကျွန်...ကျွန်တော်တို့တွေက ပိုင်ယွီကို ဘယ်လိုလုပ်ခဲ့တာမို့လို့လဲ""ဒီဗန်ပိုင်းယားက အရမ်းကြောက်ဖို့ကောင်းပါတယ် သူ့ကိုမတိုက်ခိုက်နိုင်ဘူးဆိုတော့ ထွက်သွားခွင့်ပေးလိုက်ကြရအောင်"
ထိုစကားကြားလိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် ဘုန်းတော်ကြီး၏မျက်နှာမှာ စိမ်းဖန့်သွားရသည်။
"ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေကြတာလဲ ငါတို့က ဒီဗန်ပိုင်းယားကို ဘာလို့ဦးညွှတ်ရမှာလဲ"
ဘုန်းတော်ကြီးသည် နာကျင်မှုကိုသည်းခံကာ အကျီၤလက်တွင်းမှ စွမ်းအင်ကြီးလှသော လက်ဝါးကပ်တိုင်ကို ယူထုတ်လိုက်သည်။
"အားလုံး ငါနဲ့အတူ သူတို့ကိုဝိုင်းထားကြ ဒီဗန်ပိုင်းယားနဲ့ အရှက်မရှိတဲ့ သစ္စာဖောက်ကို ငါ့လက်နဲ့သတ်ပစ်မယ် ငါဘယ်လောက်အစွမ်းထက်သလဲဆိုတာ သူတို့တွေ့သွားစမ်းပါစေ"ဘုန်းတော်ကြီး၏ပုံစံမှာ လွန်စွာကြောက်လန့်နေပုံရသော်လဲ သူ၏စကားလုံးများကမူ ပြင်းထန်မာန်ပါလှသည်။
ဘုန်းတော်ကြီး၏လက်ဝါးကပ်တိုင်သည် ဗန်ပိုင်းယားအားလုံးကို အနိုင်ရသည်ဟူသော ကောလဟာလရှိသည်။ ထို့ကြောင့် ဘုန်းတော်ကြီးလက်ထဲမှ လက်ဝါးကပ်တိုင်ကိုမြင်လိုက်ရချိန်တွင် လုံးဝစိတ်ချလက်ချဖြစ်သွားကြသည်။ အဆုံးမဲ့ခွန်အားများကို ချက်ချင်းအပိုင်စားရလိုက်သကဲ့သို့ပင်။လူအုပ်ကြီးသည် ပိုင်ယွီနှင့်ရှစ်ယွင်ယီတို့အား ချက်ချင်းဝိုင်းထားလိုက်သည်။
ဘုန်းတော်ကြီးသည် လက်ဝါးကပ်တိုင်ကို မြဲမြဲကိုင်၍ ဂါထာများကို စတင်ရွတ်ဖတ်တော့သည်။ ထိုလက်ဝါးကပ်တိုင်အတွင်း၌ ဖောက်ထွင်းမြင်နိုင်သော ပိုက်ကွန်လေးတစ်ခုကို ထည့်သွင်းထားသည်။ ဗန်ပိုင်းယားအား ထိုပိုက်ကွန်နှင့် အုပ်လိုက်မိသည်နှင့် ပိုက်ကွန်သည် တဖြည်းဖြည်းတင်းကြပ်လာပြီး အတွင်းမှဗန်ပိုင်းယားသည်လဲ ပေါက်ကွဲ၍သေသွားလိမ့်မည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️