unicode
အပိုင်း(၇၅) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၂၂.၂)
ဝမ်းသာပျော်ရွှင်ရခြင်းကြောင့် ရှစ်ယွင်ယီသည် သူကိုယ်တိမ်တိုက်များအကြားရောက်နေသည်ဟုပင် ခံစားလာရသည်။
သူ့ရှေ့မှလူသားလေးကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်ကာ နှုတ်ခမ်းအစုံအား မွတ်မွတ်သိပ်သိပ်နမ်းရှိုက်နေမိသည်။
နူးညံ့ချိုမြိန်သော ပိုင်ယွီ၏နှုတ်ခမ်းသားတို့က ရှစ်ယွင်ယီအား ရပ်တန့်ချင်စိတ်ကင်းမဲ့စေသည်။
ဤရက်များတွင် ပိုင်ယွီသည် သူ့ကိုလျစ်လျှူရှုထားပြီး စကားတစ်ခွန်းဟလိုက်မိသည်နှင့် အဆူခံရသည်။ ထို့ကြောင့် ပိုင်ယွီကိုဖက်ကာ နမ်းရှိုက်နေရခြင်းက သူ့အတွက် အိပ်မက်မက်နေရသလိုပင်။
ရှစ်ယွင်ယီသည် ပိုင်ယွီအား မမောတမ်းမပန်းတမ်း ရူးသွပ်စွာနမ်းရှိုက်နေသည်။ ခံတွင်းအတွင်းမှ ထိုးစစ်ကပြင်းထန်လာပြီး ကြိမ်ဖန်များစွာ ဆော့ကစားကာ သူ့ရှေ့မှလူသားလေးအား သူ့ဗိုက်ထဲအရောက် မြိုချချင်လာသည်။
နှစ်ဦးသား၏အသက်ရှုသံတို့က ဆက်တိုက်မြန်ဆန်လာပြီး ရောထွေးနေကြသည်။
ပိုင်ယွီ၏နားထဲ၌ ရှောင်မီဟူ၏အသံ ထွက်ပေါ်လာသည်။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၄၊ လက်ရှိနှစ်သက်မှုက ၉၉%ပါ]
[Hostက ဗီလိန်ကိုချစ်နေမှန်း ကျွန်တော်သိပါတယ် ကျွန်တော့်ကိုသာ လန့်သေအောင် ခြောက်လှန့်နေတာ]
ရှောင်မီဟူမှာ ပျော်ရွှင်လွန်းသောကြောင့် ငိုချမိလုမတတ်ပင်။
သို့သော် ပိုင်ယွီက မပျော်ရွှင်ပါချေ။
"ဘာပဲဖြစ်ဖြစ် ဒီလိုကြီးမားတဲ့အပြောင်းအလဲနဲ့ဆို ရှစ်ယွင်ယီရဲ့နှစ်သက်မှုကလဲ တဟုန်ထိုးလိုက်လာမှာမို့ တာဝန်က ချက်ချင်းပြီးသွားသင့်တာ"
မမျှော်လင့်ထားဘဲ အဆုံးထပ်ကပ်သပ်နေသည်။
ပိုင်ယွီ အားနည်းနည်းယုတ်သွားရသည်။ ဤသည်ကသာ သူသိထားသော ဗီလိန်အစစ်အမှန်ဖြစ်သည်။
STAI LEGGENDO
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️