Arc 1.16

4.8K 514 1
                                    

unicode

အပိုင်း(၁၆) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၁၆)

သို့ပါသော်လဲ နျဲ့လင်းယွီသည် လက်ရှိအနေအထားကို လုံးဝဂရုမစိုက်ပါချေ။

သူ၏ဝယ်လက်က တုန်တုန်ယင်ယင်နှင့် ကြမ်းပြင်တွင် ဒူးထောက်နေသည်တိုင် နျဲ့လင်းယွီအမြင်၌ ပိုင်ယွီကသာ အနိုင်ကျင့်ခံရသူဖြစ်သည်။

ပိုင်ယွီသည် နျဲ့လင်းယွီ၏ရင်ခွင်ထဲတိုးဝင်ကာ ရှိုက်ကြီးတငင်းငိုကြွေးပြီး ထိုသူအားလက်ညှိုးထိုးပြ၍ "အဲ့လူက ငါ့ကိုဒီညခေါ်သွားမယ်တဲ့ ငါ့ကိုဖက်လဲဖက်သေးတယ် ငါ...ငါအရမ်းကြောက်တာပဲ လင်းယွီ...မင်းသာမလာရင် ငါ့ဘဝပျက်စီးသွားမှာ..."

ပိုင်ယွီက ရှုက်ကြီးတငင်ငိုနေပြီး အကယ်၍ သူသာမရောက်လာလျှင် မည်သို့ဖြစ်ကုန်ပါမည်နည်း။

ထိုလူကမူ ပိုင်ယွီအား ထိတ်လန့်စွာဖြင့်ကြည့်နေသည်။ အကယ်၍ အမှန်တရားကိုသာ မသိထားပါလျှင် ပိုင်ယွီ၏သရုပ်ဆောင်ချက်၌ မြောပါသွားပေလိမ့်မည်။

ဘုရားသခင် လောကကြီးထဲမှာ ဘယ်လိုလူမျိုးကများ အမှားနဲ့အမှန်ကို ရောထွေးသွားစေနိုင်တာပါလိမ့်။ ထိုသူက ခေါင်းတွင်တွင်ခါပြီး "မင်း လိမ်နေတာ..."

နျဲ့လင်းယွီရောက်မလာခဲ့လျှင်ပင် ပိုင်ယွီက ကံဆိုးသွားစရာအကြောင်းမရှိပေ။ ကံဆိုးမိုးမှောင်ကျမည့်သူမှာ ကျိန်းသေပေါက် သူကိုယ်တိုင်ဖြစ်ပြီး ပြန်တွေးမိလေ ငိုချင်လာလေပင်။

သို့သော် ပိုင်ယွီက သူ့အားစိုက်ကြည့်ပြီး "ဒါဆို မင်းနဲ့အတူလိုက်ခဲ့ဖို့ ငါ့ကိုမပြောခဲ့ဘူးလား"

ဝယ်လက်: "....."

ပြောမိသွားသလိုပဲ....။

"ငါ့ကိုရောမထိဘူးလား"

ဝယ်လက် "...."

ထိမိသွားပုံပါပဲ...။

"လင်းယွီ ကြည့်ပါဦး"

ပိုင်ယွီသည် နျဲ့လင်းယွီ၏ခါးကိုဖက်ပြီး "သူက ငါ့ကိုအနိုင်ကျင့်ချင်နေတာပါ"

ပိုင်ယွီသည် နျဲ့လင်းယွီ၏ရင်ခွင်ထဲ ဆက်တိုးဝင်နေပြီး သူ၏လက်ချောင်းများကလဲ နျဲ့လင်းယွီ၏ခါးကို ကျေနပ်စွာဖြင့် အရဖက်တွယ်ထားသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now