unicode
အပိုင်း(၃၆) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၆.၂)
လက်ရှိတွင်မူ ပိုင်ယွီသည် ဘုရင်မင်းမြတ်၏သူလျှိုဟုတ်မဟုတ်ကိုလဲ လီယွီဖုန်း ဂရုမစိုက်တော့ပေ။ သူ၏အတွေးများ၌ ပိုင်ယွီသည် နောက်လာမည့်စက္ကန့်ပိုင်းအတွင်း မခုခံနိုင်တော့ဘဲ အယ်လ်ဖာများက အောင်မြင်ခွင့်ပြုမပြုကိုသာ တွေးနေမိခဲ့သည်။
လီယွီဖုန်းသည် အံတင်းတင်းကြိတ်ထားပြီး မျက်မှောင်ကျုံ့ထားသဖြင့် မျက်ခုံးများက ပိုပို၍တွန့်ချိုးလာသည်။
ပိုင်ယွီအား ဤအခြေအနေရောက်အောင် တွန်းပို့ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်ခဲ့သော်လဲ ဤအခိုက်အတန့်တွင်မူ ပိုင်ယွီက ခုခံနိုင်ရန် မျှော်လင့်နေခဲ့သည်။ဆံချည်တစ်မျှင်မဆိုထားဘိ ဆံချည်၏အရိပ်ကိုပင် ထိခွင့်မပြုစေချင်ပေ။
ပိုင်ယွီ့ထံပြေးဝင်လာနေသော ထိုသူများကိုကြည့်နေရင်းမှ လီယွီဖုန်း၏နှလုံးသားက တုန်လှုပ်လာခဲ့သည်။
ထိန်းသိမ်းမရသောကြောက်စိတ်နှင့် တုန်လှုပ်မှုများက သူ့နှလုံးသား၏အခြေမှစတင်၍ ကြီးထွားခဲ့သည်။
အနီရောင်ဝိုင်များကို ပါးစပ်ထဲလောင်းထည့်လိုက်သည်။ ဤသို့မငြိမ်မသက်ဖြစ်နေမှုကို ဖိနှိပ်ပစ်ချင်ပါသော်လဲ ထိန်းချုပ်၍မရနိုင်ချေ။—
[Hostရဲ့ ဘယ်ဘက်ထိပ်နားမှာ ကင်မရာတစ်လုံးရှိတယ် အခုဗီလိန်က ဒီအခန်းကို စောင့်ကြည့်နေတာ ဗီလိန်ရဲ့ စိတ်အမှောင်ဖုံးမှုကလဲ ထိုးတက်လာနေတာကို ကျွန်တော်ခံစားရတယ်]
ပိုင်ယွီက တိတ်တဆိတ်ခေါင်းငြိမ့်ပြလိုက်သည်။
"ငါနားလည်ပြီ..."
သူ့ရှေ့မှလူများကို သူ၏ခွန်အားဖြင့် ရိုက်နှက်ပစ်နိုင်ပါသည်။
သို့သော်လဲ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ တစ်ခုခုမှားယွင်းလာသည်။
ခြောက်သွေ့သောအပူရှိန်တစ်မျိုးက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ပိုင်ယွီ မျက်မှောင်ကျုံ့လိုက်မိသည်။
အင်အားများကိုပင် အဘယ်ကြောင့် ထုတ်သုံးမရသည်ကို နားမလည်တော့ပေ။
အကယ်၍ ဤကမ္ဘာမှလူတစ်ယောက်သာရှိနေပါက ပိုင်ယွီသည် အရေးကြီးသောကာလတစ်ခုအတွင်း ကျရောက်နေပြီဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံနှင့် သိနိုင်ပေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️