Arc 2.23(1)

4.1K 348 1
                                    

unicode

အပိုင်း(၅၃) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၂၃.၁)

လီယွီဖုန်းသည် သူ၏ခန္ဓာကိုယ်အား တစ်ပတ်လှည့်ကာ ပိုင်ယွီ၏ကိုယ်လေးအား ပွေ့ဖက်ထားခဲ့သည်။ သူ၏နှလုံးသားထဲ၌ အပြစ်ရှိမှုတို့ ပြည့်နှက်နေသည်။

ယခင်က ပြုလုပ်ခဲ့သောကိစ္စများကို ပြန်တွေးကြည့်ပါလျှင် သူ့အနေနှင့် အမှားများစွာလုပ်ခဲ့မိသည်ဟု ခံစားရသည်။

ယခုအခါတွင် ပိုင်ယွီသည် သူနှင့်အတူ နေထိုင်ချင်နေဆဲဖြစ်သောကြောင့် သူသည် ၃ဘဝစာ ကံကောင်းသွားခြင်းပင်။ သူ၏ကျန်သက်တမ်းတလျှောက်၌ ချစ်ရပါသော ထိုလူသားလေးနှင့်အတူ ကုန်ဆုံးလိမ့်မည်။

လီယွီဖုန်းသည် ပိုင်ယွီအား တင်းကျပ်စွာပွေ့ဖက်ကာ အခိုင်အမာဆိုခဲ့သည်။

"ကိုယ်မင်းကို နောင်ထပ်ဘယ်တော့မှအနိုင်မကျင့်တော့ပါဘူး ဒီဘဝမှာ ချစ်ပေးရုံသာမကဘဲ နောင်ဘဝတွေမှာလဲ မင်းတစ်ယောက်ထဲကိုပဲ အမြဲတမ်းချစ်သွားမှာပါ..."

ပိုင်ယွီသည် နူးညံ့စွာပြုံးလိုက်ပြီးနောက် လက်ကိုဆန့်ထုတ်ကာ သူ၏လက်သန်းအား လီယွီဖုန်း၏လက်သန်းတွင်ချိတ်၍ တံဆိပ်နှိပ်သည့်ပုံသဏ္ဍာန် ပြုလုပ်ခဲ့သည်။

"ဒါဆို အဆင်ပြေပြီ"

"ကောင်းပါပြီဗျာ"

ပိုင်ယွီ၏နှုတ်ခမ်းပါးလေးက ကော့ညွှတ်နေပြီး သူ၏မျက်လုံးထဲ၌ ပျော်ရွှင်နေမှုကို တွေ့နေရသည်။

ထိုအချိန်တွင် သူ၏ဝမ်းဗိုက်အောက်ပိုင်းမှ အပူချိန်က တိုးမြင့်လာပြီး ခြေလက်များဆီသို့ ချက်ချင်းပျံ့နှံ့လာသည်။

ခန္ဓာကိုယ်မှအပူချိန်တို့က မထိန်းချုပ်နိုင်လောက်အောင် ထိုးတက်လာသည်။ ပိုင်ယွီသည် အနည်းငယ်မျှ ယိုင်လဲသွားခဲ့သည်။ အစောပိုင်းကတင် တစ်ကြိမ်ကြုံထားရပြီးဖြစ်ကာ သူ့ထံတွင် အနားယူချိန်ပင် မရသေးချေ။

'ဘယ်လိုဖြစ်ပြီး ပြန်စရတာလဲ ဒီတဏှာစိတ်နဲ့တင် ငါတော့သေတော့မှာပဲ'

ဤသို့ဖြစ်မည်ကိုသာ သိခဲ့ပါလျှင် ကျောက်ကပ်ကို အာဟာရဖြည့်ပေးမှသာ အဆင်ပြေလိမ့်မည်။

၇ရက်၇ညကြာဦးမည်ဟု တွေးမိရုံနဲ့တင် သူ့ရှေ့၌ အရာအားလုံးက အမှောင်ဖုံးသွားသည်ဟု ပိုင်ယွီ ခံစားရသည်။

ဤကမ္ဘာ၌ အိုမီဂါတို့၏ဘဝမှာ ခါးသီးလှသည်။ အဘယ်သို့သောသူက သည်းခံနိုင်ပါသနည်း။

သို့သော် အယ်လ်ဖာတစ်ယောက်အနေနှင့်မူ လီယွီဖုန်းသည် အမြဲတမ်းတက်ကြွကာ အဘယ်ကြောင့်များ အားနည်းသောပုံစံ တစ်ချက်မပြရပါသနည်း။

သူ၏ကိုယ်ခန္ဓာကြံ့ခိုင်မှုက နည်းပါးနေ၍ပါလော။

သူ၏မျက်နှာထက်၌ နီရဲမှုတို့က ပို၍သိသာလာပြီး မျက်ဝန်းတို့ကလဲ ဝေဝါးလာခဲ့သည်။

ပိုင်ယွီသည် စိတ်ကိုထိန်းကာ အနားယူမည်ဟု တွေးခဲ့ပါသော်လဲ လီယွီဖုန်းသည် သူ၏မူမမှန်ပုံအား တွေ့သွားခဲ့သည်။

လီယွီဖုန်းသည် လက်ကိုဆန့်ထုတ်ကာ သူ၏နူးညံ့သောခါးလေးအား ပွတ်သပ်နေပြီး နှုတ်ခမ်းတို့အား ဖြေးညှင်းစွာ နမ်းရှိုက်နေလေသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now