unicode
အပိုင်း(၇၀) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၇.၂)
တကယ်တမ်းတွင် သူသည် အလွန်စိတ်မသက်မသာဖြစ်နေခြင်းသာဖြစ်သည်။
လွန်စွာစိတ်မသက်မသာဖြစ်ရပါသည်။
ရှစ်ယွင်ယီအား သတို့သမီးမရွေးရန် တောင်းဆိုခဲ့သော်လဲ ရှစ်ယွင်ယီက ငြင်းဆိုခဲ့သည်။
ထိုကိစ္စသည် ဗန်ပိုင်းယားမျိုးနွယ်အတွက် နှစ်ထောင်ချီရှိခဲ့သော ရိုးရာတစ်ခုဟု ပြန်ပြောခဲ့သည်။
ထိုစကားတစ်ခွန်းကို ကြားလိုက်ရချိန်၌ ပိုင်ယွီ၏နှလုံးသားက သေဆုံးသွားရသည်။သို့ဖြစ်၍ ဤနေ့တွင် ရှစ်ယွင်ယီသည် သူ၏ရဲတိုက်ကြီးထဲ၌ စိတ်တိုင်းကျသတို့သမီးတစ်ဦးကို ရွေးချယ်လိမ့်မည်။
အဲ့လူက လက်ထပ်တော့မယ်၊ ဒါဆို သူကဘာလဲ၊ နိမ့်ကျတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လား...။
အလွန်ရယ်ရပါသည်။
ထိုသူက အခြားမိန်းမတစ်ယောက်နှင့် လက်ထပ်သွားမည်ကို သူ့အနေနှင့် မည်သို့ကြည့်နိုင်ပါမည်နည်း။
သူမလုပ်နိုင်ပေ။
ပိုင်ယွီသည် နာကျင်လွန်းသောကြောင့် တုန်ရင်နေရသည်။
ရှစ်ယွင်ယီအတွက်ဖြစ်နိုင်သည်က သူသည် အချိုရှာ၍ရသော ကစားစရာလေးဖြစ်နေသောကြောင့် နံဘေးတွင် ထားထားရခြင်းဖြစ်သော်လဲ သူ့အတွက်မူ ထိုလူနှင့်အတူ တစ်ဘဝလုံးအတူတူ ဖြတ်သန်းသွားချင်မိသည်။
ရှစ်ယွင်ယီက အခြားတစ်ယောက်နှင့်လက်ထပ်မည်ကို သူ့အနေနှင့် မကြည့်နိုင်သောကြောင့် ဤကမ္ဘာမှချက်ချင်းထွက်သွားရန် မစောင့်နိုင်တော့ပေ။
ရှစ်ယွင်ယီက အခြားတစ်ယောက်နှင့် လက်ထပ်သွားသည်က သူလက်မခံနိုင်သောကိစ္စဖြစ်သည်။
"ရှောင်မီဟူ ဒီကနေ ငါချက်ချင်းထွက်သွားလို့ရလား"
[Host အဲ့လိုသာဆို မစ်ရှင်ကျရှုံးတယ်လို့ သတ်မှတ်ခံရမှာပါ တကယ်ထွက်သွားချင်တာလား]
ရှောင်မီဟူ၏အသံက အလွန်တိုးနေသည်။ တကယ်တမ်းတွင် သူသည် systemတစ်ခုဖြစ်၍ ပိုင်ယွီအား မစ်ရှင်ဆက်ထမ်းဆောင်ရန် ဆွဲဆောင်ရမည်။ သို့သော် ဤကမ္ဘာမှဗီလိန်သည် အလွန်စိတ်ပျက်စရာကောင်းသည်။
စိတ်ပျက်စရာကောင်းလွန်းသောကြောင့် Hostကို မစ်ရှင်ဆက်လုပ်ခိုင်းရန်ပင် အားနာမိသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️