Arc 4.19(2)

1.5K 133 0
                                    

unicode

အပိုင်း(၉၆) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၉.၂)

ပိုင်ယွီက ရှဲ့ကျွင်းယန်ကို ခေါင်းခါပြလိုက်ပြီး

"ထားလိုက်ပါတော့ ရှဲ့ကျွင်းယန် ငါ့ဘာသာပြန်လိုက်ပါ့မယ်"

ရှဲ့ကျွင်းယန်က ရုတ်တရက်ကြီး မျက်မှောင်ကြုံ့ထားလေသည်။

"ဒါပေမဲ့"

"ဘာဒါပေမဲ့လဲ ငါဘာသာငါ အိမ်ပြန်နေကျပဲ ပြီးတော့ ငါက မိန်းကလေးလဲမဟုတ်ဘူး ဒါကြောင့် ငါ့ကိုအကာအကွယ်ပေးဖို့ မလိုအပ်ပါဘူး"

ပိုင်ယွီက ရှဲ့ကျွင်းယန်၏ပခုံးကိုပုတ်ကာ ကျောင်းလွယ်အိတ်ကိုကောက်လွယ်နေသည်။

ဖုန်းသံမမြည်လာခင်အထိ ရှဲ့ကျွင်းယန် တုံ့ဆိုင်းနေမိသည်။

တစ်ဖက်မှဖုန်းခေါ်သူက သူ၏ဖခင်ဖြစ်သည်။ ပွဲအတွက်နောက်ကျမည်ကို မလိုလားသဖြင့် သူတို့အိမ်မှ ဒါရိုက်ဘာအား လွှတ်ပေးလိုက်သည်ဟုဆိုသည်။

"ကြည့်လေ မင်းကိုလာကြိုတဲ့ကားတောင် ရောက်နေပြီပဲ ဒါပဲကွာ ငါလဲနောက်ကျနေပြီမို့ အိမ်ပြန်တော့မယ်"

ထိုသို့ပြောပြီးနောက် ပိုင်ယွီသည် ကျောင်းလွယ်အိတ်ကိုလွယ်ကာ ထွက်လာခဲ့သည်။

လမ်းမကြီးထက်၌ ဖြေးညှင်းစွာလျှောက်နေချိန်တွင် အနက်ရောင်ကားတစ်စီးက သူ့အရှေ့မှ ဖြတ်မောင်းသွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ကားပြတင်းမှန်ကျလာပြီး ရှဲ့ကျွင်းယန်က အော်ပြောသွားသည်။

"အိမ်ကိုမြန်မြန်ပြန်နော် ကိုယ် ညကျရင်လာခဲ့မယ်"

ပိုင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။ ဤကမ္ဘာမှဗီလိန်သည် အလွန်အမင်းကို တန်းလန်းစွဲလိုက်ကာ တွယ်ကပ်နေတတ်သူမျိုးဟု ခံစားရသည်။ သို့သော် သဘောကျရပါသောလူသားနှင့် ညတိုင်းညတိုင်း ကုတင်တစ်လုံးထဲ၌အိပ်ရသည်က အလွန်ပျော်စရာကောင်းသောကိစ္စဖြစ်သည်။

ပြဿနာဟူ၍ ဗီလိန်၏လိုအပ်ချက်က အမှန်တကယ် မြင့်မားနေခြင်းသာရှိသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now