unicode
အပိုင်း(၇) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၇)
နျဲ့လင်းယွီ၏စကားအဆုံးတွင် အပြင်ဘက်မှ အိမ်တော်ထိန်း တုန်လှုပ်သွားရလေသည်။ သူကြားလိုက်သည်က မှန်ကန်ပါ၏လော။ သခင်လေးနျဲ့က "မင်းရဲ့ခန္ဓာကိုယ်က ကိုယ့်အပိုင်ပဲမို့ အခြားသူတွေကို ပြခွင့်မရှိဘူး"ဆိုပြီး ပြောလိုက်တာလေ။ဘာတွေဖြစ်ကုန်တာလဲဟ...။
ပိုင်ယွီအား အေးတိအေးစက်ကြည့်တတ်ပြီး စကားကိုပင် သေချာမပြောချင်သည့် နျဲ့လင်းယွီကို သူမှတ်မိနေဆဲပင်။
နျဲ့လင်းယွီ၏သဘောထားကြောင့် အိမ်တော်မှအစေခံများသည်ပင် ပိုင်ယွီကို မုန်းတီးကြသည်။ ယခုအခါတွင်မူ ထိုစကားတို့က မည်သည်ကိုဦးတည်နေပါသနည်း။ သူနားကြားမှားသွားခြင်းမဟုတ်ပေ။ သဝန်တိုနေသောလေသံကို သေချာကြားရပါသည်။
နျဲ့လင်းယွီထံမှ ထိုစကားထွက်လာမည်ဟု ပိုင်ယွီပင် မထင်ထားခဲ့ပေ။ နျဲ့လင်းယွီအား မော့ကြည့်လိုက်ချိန်တွင် အနှီလူသည် သူ့အားတင်းကြပ်စွာဖက်ထားပြီး စောင်ဖြင့်ပင် တင်းကြပ်စွာပတ်လိုက်သေးသည်။ ဦးခေါင်းမှလွဲ၍ အရေပြားတစ်ထောက်စာပင် ပေါ်မနေပါချေ။ပိုင်ယွီ၏နှုတ်ခမ်းထောင့်လေးများက ငြင်သာစွာကွေးညွှတ်သွားသောကြောင့် ဖြူဖွေးနေသောပါးပြင်လေးက အနီရောင်သန်းသွားသည်။ သူ၏နှလုံးသားထဲ၌ ငှက်မွှေးဖြင့် ကျီစယ်ခံနေရသလို ခံစားနေရသည်။ သူက နျဲ့လင်းယွီကို တိုက်ခိုက်ချင်ခဲ့သော်လဲ လက်ရှိတွင်မူ သူက အတိုက်ခိုက်ခံလိုက်ရပုံပင်။
နျဲ့လင်းယွီသည် ပိုင်ယွီ၏မျက်လုံးအစုံအား စိုက်ကြည့်လိုက်ပြီး မျက်မှောင်ပင်ကြုံ့လိုက်သေးသည်။ အနည်းငယ်မျှ ဒေါသထွက်နေသေးပုံပင်။
ပိုင်ယွီက သူ၏ခန္ဓာကိုယ်အား အခြားသူကို ပြသလိုက်၍ ဖြစ်သည်။ ဤအပြုအမူက လွန်စွာဒေါသထွက်ဖို့ကောင်းသောကိစ္စပင်။
ပိုင်ယွီက သူ၏အဝတ်များကို လှမ်းယူရင်းမှ အသံတိုးတိုးလေးနှင့် ရှင်းပြလိုက်သည်။"ဒါပေမဲ့ ပိုင်လင်က ငါ့ညီလေးမလား အခြားသူလဲဟုတ်မှဟုတ်မနေဘဲကို ပြီးတော့ ငါက ယောကျာ်းလေးလေ ယောကျာ်းတစ်ယောက်အတွက် သူတို့ရဲ့ခန္ဓာကိုယ်ကို အခြားလူဆီပြတာက ပုံမှန်ပဲမဟုတ်ဘူးလား..."
နျဲ့လင်းယွီ၏မျက်ခုံးများက တစ်ခုနှင့်တစ်ခုထိလုမတတ် ပို၍တွန့်ချိုးလာပြီး ပိုင်ယွီအားကြည့်နေသောအကြည့်တို့က အလွန်အမင်းအေးစက်လာသည်။
သူ့ခေါင်းကိုလှည့်၍ ပိုင်လင်ကိုကြည့်လိုက်ပြီး "မင်းအရင်ထွက်သွားလိုက် တံခါးကိုပါပိတ်သွား"
နျဲ့လင်းယွီ၏အသံက အလွန်တရာအေးစက်နေပြီး အားလုံးကို တုန်လှုပ်စေခဲ့သည်။ ပိုင်လင်သည်ပင် ဘာမှပြန်မပြောရဲခဲ့ပေ။
သို့သော်ငြား ပိုင်ယွီအပေါ်ထားသည့် နျဲ့လင်းယွီ၏သဘောထားအရ သူ့ကိုအားကျအောင်လုပ်နေဆဲပင်။
နျဲ့လင်းယွီသည် ပိုင်ယွီအပေါ်၌ ပိုင်ဆိုင်လိုစိတ်ပြင်းထန်သော်လဲ သူ၏ငတုံးအစ်ကိုကမူ အချိန်တိုင်းတွင် နျဲ့လင်းယွီအား အကြီးအကျယ်ဒေါသထွက်စေလျက် အခြေပနေပိုဆိုးအောင်သာ အမြဲလုပ်တတ်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️