Arc 4.19(1)

1.6K 128 1
                                    

unicode

အပိုင်း(၉၆) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၉.၁)

ကျောင်းပန်းလေး၌ ပြောစရာစကားမရှိတော့ပေ။ အံကြိတ်ရလွန်း၍လဲ သွားများကကျိုးကြေရတော့မည်။

စုန့်ကျဲကပင် သဘောကျနေသည်ဆိုခြင်းက မည်မျှအကျိုးနည်းလိုက်ပါသနည်း။

ပိုင်ယွီအား မုန်းတီးနေကြသူများပင်လျှင် တစ်ယောက်ပြီးတစ်ယောက် ကြွေဆင်းနေကြသည်။

စုန့်ယွီပြီးနောက် စုန့်ကျဲပါ ပါသွားပြန်သည်။ ထိုပိုင်ယွီသည်ကား အလွန်ဒေါသထွက်စရာကောင်းလှပြီး သူမအနေနှင့် လုံးဝအလွတ်ပေးလိမ့်မည်မဟုတ်ပေ။

မျက်မှာလှလှလေးကြောင့်သာ လူတိုင်း၏သဘောထားများကို ပြောင်းလဲသွားစေခြင်းမဟုတ်ပါလော။

ကျောင်းပန်းလေး၏ရင်ထဲ၌ အမုန်းတရားတို့ ပြည့်နှက်လာသည်။

ဖုန်းကိုယူထုတ်ကာ သူမအား အချိန်အတော်ကြာ ပိုးပန်းနေသူ၏နံပါတ်ကို ရှာလိုက်သည်။

ထိုသူက ကျောင်းသားမဟုတ်ဘဲ လူရမ်းကားတစ်ယောက်ဖြစ်သည်။

ထိုသို့သောလူမျိုးကို ထိန်းချုပ်ထားရန်အတွက် အကောင်းဆုံးသောနည်းလမ်းမှာ အကျိုးအမြတ်လေးနည်းနည်းလောက် ပေးကြမ်းထားရုံဖြစ်သည်။ ထိုနည်းကိုသာသုံးပါက အလွန်နာခံနေလိမ့်မည်။

'ပိုင်ယွီရဲ့မျက်နှာက အရမ်းလှနေတယ်မှတ်လား'

'ခဏလောက်ပေးပျော်ထားပြီးတာနဲ့ မျက်နှာကိုဖျက်ဆီးပစ်ပြမယ်'

ထိုအချိန်၌ ပိုင်ယွီဆက်လှပနိုင်ဦးမလားဆိုတာ သူမသိချင်မိသည်။ သို့သော် ရှဲ့ကျွင်းယန်ကပင် သေလောက်အောင်ရွံရှာသွားပေလိမ့်မည်။

ဖုန်းနံပါတ်ကိုရှာပြီးနောက် ကျောင်းပန်းလေးသည် စာတစ်စောင်ပို့လိုက်သည်။ သူမ၏မျက်နှာထက်၌ အေးစက်စက်အပြုံးက နေရာယူထားသည်။

"ပိုင်ယွီ နင်ကသာ ငါ့ကိုဒီလိုတွေလုပ်အောင် တွန်းအားပေးလိုက်တာပဲ"

ပိုင်ယွီနှင့် ရှဲ့ကျွင်းယန်တို့၏နေအိမ်များက အလွန်နီးကပ်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now