Arc 3.24(1)

2.2K 232 1
                                    

unicode

အပိုင်း(၇၇) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၂၄.၁)

ရှောင်မီဟူထံမှ နှောင့်ယှက်မခံရသောအခါ များစွာသက်တောင့်သက်သာဖြစ်သွားသော်လဲ သူ့ရှေ့မှအမျိုးသားကမူ သူ့အားခေါင်းကိုက်လာအောင်လုပ်နေသည်။ ထိုသူသည် ဤသို့နေရာမျိုးတွင် သူ့ကိုအနိုင်ကျင့်ချင်နေသည်။

ရှစ်ယွင်ယီသည် ပိုင်ယွီကိုဖက်ကာ သစ်ပင်ခွကြားထဲ၌ ထိုင်နေသည်။ သစ်ရွက်တို့က ထူထဲစွာကာထားပေးသော်လဲ အပြင်ဘက်၌ ဤသို့မဖြစ်ဖူးသောကြောင့် ပိုင်ယွီ၏မျက်နှာလေးမှာ နီစွေးနေလေသည်။ သူ၏နှလုံးသားလေးသည်ပင် လွန်စွာရှက်ရွံ့နေမိသည်

"ရှစ်ယွင်ယီ ငါ့ကိုလွှတ်ပေး ပြဿနာမရှာနဲ့တော့ ငါ့ကိုလွှတ်ပေး"

ပိုင်ယွီ၏မျက်လုံးများက စတင်ရီဝေလာသည်။

"လူလိမ်လေး ဒီလောက်အရမ်းသဘောကျနေတာ အသိသာကြီးကို"

ရှစ်ယွင်ယီသည် ပိုင်ယွီကိုပြုံးပြုံးကြီးကြည့်ကာ တမင်တကာစနောက်နေသည်။

"ငါမကြိုက်...ဝူး..."

ပိုင်ယွီ၏နှုတ်ခမ်းတို့ အပိုင်သိမ်းခံလိုက်ရသည်။ ရှစ်ယွင်ယီတွင် တောင်ပံများရှိသောကြောင့် ဤသို့သစ်ပင်ကြီးပေါ်တွင် ပိုင်ယွီကိုနမ်းရင်း ဟန်ချက်ထိန်းထားရန်က မခက်ခဲလှပေ။

ထို့ကြောင့် သူ့အနေနှင့် ရှစ်ယွင်ယီ၏ရင်ခွင်ထဲ ကျုံ့ကျုံ့လေးတိုးဝင်နေရပြီး တွန်းမထုတ်ရဲရုံသာမက ဖက်ပါဖက်ထားရသည်။

ရင်ခွင်ထဲအလိုလိုတိုးဝင်လာသော ပိုင်ယွီ၏ပုံစံကို ရှစ်ယွင်ယီအလွန်နှစ်ခြိုက်သွားရသည်။ ထို့ကြောင့် ပိုင်ယွီ၏နားရွက်နားသို့ ပါးစပ်ကိုအသာကပ်၍ နူးညံ့စွာဆိုလိုက်သည်။

"ပိုင်ယွီ ကိုယ့်ကိုပေးလို့ရမလား"

"ဘာအဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ"

ပိုင်ယွီ ထိုသူအား မယုံကြည်နိုင်စွာကြည့်နေမိသည်။ ဤနေရာသည် လူသူကင်းသော်လဲ အချိန်မရွေးတစ်စုံတစ်ယောက်ရောက်လာနိုင်သည်။ သူတို့ကိုတွေ့သွားပါက မည်သို့လုပ်ရပါမည်နည်း။

သို့သော် ရှစ်ယွင်ယီကမူ ရှက်နေသောပိုင်ယွီကို ဂရုမစိုက်တော့ဘဲ သစ်ပင်နှင့်ဖိကပ်လိုက်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now