unicode
အပိုင်း(၇၃) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၂၀.၁)
ပိုင်ယွီ သက်ပြင်းအသာချပြီး ပြောလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ မြန်မြန်ထပါတော့ ခွေးပေါက်လေးလိုလဲ ထပ်မလုပ်နဲ့တော့"
သို့ပါသော်လဲ ရှစ်ယွင်ယီသည် ခွေးပေါက်လေးဖြစ်ရသည်ကို စွဲလန်းသွားပုံပင်။ ပိုင်ယွီကိုကြည့်ကာ အသံဆက်ပေးနေလေသည်။
"ဝု...ဝု...ဝု"
"ဟားဟား ဟားဟား ဟားဟား"
တံခါးအပြင်ဘက်မှ အော်ဟစ်ရယ်မောနေသော အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
မော့ယွင်သည် အသက်ရှုကျပ်လာသည်အထိ ရယ်နေမိခဲ့သည်။ ခွေးလိုဟောင်နေသော ရှစ်ယွင်ယီ၏ပုံစံကို ပထမဆုံးအနေနှင့် တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ မော့ယွင်က ရှစ်ယွင်ယီအား လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ဟားဟားဟား ရှစ်ယွင်ယီ မင်းတောင်မှ ခုလိုအခြေအနေမျိုး ဖြစ်သွားရပြီပေါ့ တကယ်ကြီး ခွေးလိုဟောင်နေလိုက်တာများ"
ကလေးဘဝတည်းကစ၍ မော့ယွင်သည် ရှစ်ယွင်ယီအား ရန်စရသည်ကို အလွန်သဘောကျခဲ့သည်။ ရှစ်ယွင်ယီသည် သူ့အား အမြဲတမ်းတွန်းဖယ်နေတတ်သော်လဲ ဤနေ့တွင်လိုမျိုး ရှစ်ယွင်ယီ၏ပုံစံကို ထပ်တွေ့ရမည့်နေ့ ရောက်လာလိမ့်မည်ဟု လုံးဝမထင်ထားမိခဲ့ချေ။
မော့ယွင်သည် နဂိုကတည်းက ရှစ်ယွင်ယီကို ရန်စချင်နေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ဘဝသက်တမ်းမှာ အကန့်အသတ်မရှိသလို ရှစ်ယွင်ယီကလဲ ဗန်ပိုင်းယားမျိုးနွယ်စု၏မျက်နှာကြောင့် မသတ်သေရွေ့ သူသည် ရှစ်ယွင်ယီအား အတွင်းနက်နက်ထဲကအထိ
တိတ်တဆိတ် ရန်လိုက်စပေဦးမည်။သို့သော် ပိုင်ယွီ၏ရှေ့တွင်ဖြစ်နေသော ရှစ်ယွင်ယီ၏ပုံစံကို မြင်လိုက်ရချိန်တွင် မော့ယွင်၏စိတ်ထဲ၌ အစီအစဉ်တစ်ခု ထွက်ကျလာခဲ့သည်။
တကယ်တမ်းတွင် ပိုင်ယွီအပေါ်ထားသည့် ရှစ်ယွင်ယီ၏သဘောထားကို သူ့အနေနှင့် တစ်ကြိမ်တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
ESTÁS LEYENDO
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasíaပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️