unicode
အပိုင်း(၈၅) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၈.၂)
မမျှော်လင့်ထားသောအပြောင်းအလဲက လူတိုင်းကို အံ့သြသွားကြရသည်။
ရှဲ့ကျွင်းယန် သူကဘာလုပ်တာလဲ...။
ဘာကြောင့်များ သူ့ရဲ့ပိုင်ဆိုင်မှုကို ထုတ်ပြသွားတာနဲ့ တူနေရတာလဲ။ ပြီးတော့ ပိုင်ယွီကိုတောင် ဆွဲခေါ်သွားသေးတယ်...။
ဘာကြောင့်များ အရမ်းသဝန်တိုသွားတဲ့ပုံပေါက်နေတာလဲ။
ဒီကမ္ဘာကြီးမှာ ဘာတွေကမှားယွင်းကုန်တာလဲ။ စုန့်ယွီတင်မကဘဲ ရှဲ့ကျွင်းယန်ကပါ ရူးသွားသလိုပဲ။
ရှဲ့ကျွင်းယန်က ပိုင်ယွီ၏လက်ကိုဆွဲကာ ခေါ်ထုတ်သွားချိန်တွင် လူတိုင်းက ကူရာမဲ့စွာဖြင့် ကြည့်နေကြသည်။ အချိန်အတိုင်းအတာတစ်ခုအထိ လေထုတစ်ခုလုံး အေးခဲသွားပြီးမှ ၁၀စက္ကန့်အကြာတွင် တစ်စုံတစ်ယောက်က ထအော်လာသည်။
"သောက်ကျိုးနည်း..."
ထိုအခါမှသာ အားလုံးအသိဝင်လာပြီး တီးတိုးတီးတိုးဆွေးနွေးသံများ ထွက်ပေါ်လာသည်။
စုန့်ယွီကသာ ထိုနေရာတွင်ခြေစုံရပ်ကာ မကျေမနပ်နှင့် လက်သီးတင်းတင်းဆုပ်ထားမိသည်။
ရှဲ့ကျွင်းယန်က အံ့သြစရာကောင်းလှသည်။ ပိုင်ယွီက သဘောကျနေခြင်းကြောင့်သာ မာန်တက်သွားခြင်းမဟုတ်ပါလော။
တစ်နေ့တွင်မူ ပိုင်ယွီသည် သူ့ကိုပြန်သဘောကျလာပေလိမ့်မည်။
ရှဲ့ကျွင်းယန်သည် ပိုင်ယွီအား ကျောင်းခေါင်မိုးထပ်အထိ ဆွဲခေါ်သွားခဲ့သည်။ ပိုင်ယွီအား အေးစက်စက်မျက်နှာထားနှင့်ကြည့်နေပြီး တစ်လှမ်းချင်းစီချဉ်းကပ်လာသည်။
[Host ဗီလိန်ရဲ့စိတ်အမှောင်ဖုံးမှုက....]
ရှောင်မီဟူ၏စကားမဆုံးသေးသော်လဲ ဆိုလိုရင်းကို ပိုင်ယွီ နားလည်လိုက်သည်။ ရှဲ့ကျွင်းယန်ကို ကြောက်လန့်တကြားနှင့် ကြည့်နေမိသည်။
"ငါသူ့ကို အဖြေပြန်မပေးလိုက်ပါဘူး"
ရှဲ့ကျွင်းယန်ကမူ လက်ဆန့်ကာ ပိုင်ယွီအား လက်ရန်းဘောင်အစွန်နားရောက်သည်အထိ တွန်းလိုက်လေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️