unicode
အပိုင်း(၆၈) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၅.၁)
ရှစ်ယွင်ယီသည် ပိုင်ယွီ၏ခန္ဓာကိုယ်အား အရှေ့အနောက်အထက်အာက် ကြိမ်ဖန်များစွာစစ်ဆေးပြီးနောက် ပိုင်ယွီသည် လုံးဝထိခိုက်ထားခြင်းမရှိသည်ကို တွေ့လိုက်ရမှသာ စိတ်သက်သာရာရသွားခဲ့သည်။
ထို့နောက် ပိုင်ယွီအား ရင်ခွင်ထဲပြန်ဆွဲသွင်းလိုက်ပြီး နူးညံ့စွာဆိုခဲ့သည်။
"ကံကောင်းထောက်မစွာနဲ့ မင်းမထိခိုက်သွားဘူးပဲ"
ပိုင်ယွီသည် ထိုနေရာ၌ ဗလာသက်သက်ရပ်နေမိသည်။
သူ့ရှေ့မှလူ၏ ပွေ့ဖက်မှုကို ခံစားခဲ့ရသည်။ ဗန်ပိုင်းယား၏ခန္ဓာကိုယ်သည် အလွန်အေးစက်သောကြောင့် ရှစ်ယွင်ယီ၏ပွေ့ဖက်မှုသည် လုံးဝမနွေးထွေးနိုင်ပေ။ သို့သော် ရင်ထဲမှနွေးထွေးမှုကိုမူ ပိုင်ယွီ ခံစားခဲ့ရသည်။
"အင်း ငါအဆင်ပြေပါတယ်..."
ပိုင်ယွီသည် ရှစ်ယွင်ယီအား ရှားရှားပါးပါးပြန်ပွေ့ဖက်လိုက်သည်။
အနှီသူမှာ မောက်မာတတ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရသော်လဲ စိတ်ခံစားချက်ပိုင်းဆိုင်ရာဗဟုသုတ လုံးဝမရှိပေ။ သို့ပါသော်လဲ ယခုကဲ့သို့ သေရေးရှင်ရေးကြုံလာသောအခါ ပထမဆုံးသတိရလိုက်သည်က သူ့အားကာကွယ်ပေးရန်ဖြစ်သည်။ ဒဏ်ရာများစွာရထားသော်လဲ သူထိခိုက်သွားမည်ကိုသာ စိတ်ပူနေခဲ့သည်။
ပိုင်ယွီ မအောင့်အီးနိုင်တော့ဘဲ လက်မောင်းကိုဆန့်ကာ ရှစ်ယွင်ယီအား ပို၍တင်းကြပ်စွာဖက်ထားလိုင်သည်။
နှလုံးသားထဲ၌ ထိန်းချုပ်၍မရနိုင်သော နာကျင်မှုတို့သာ နေရာယူထားလေသည်။
'ထားပါတော့လေ ဒီငတုံးကောင်က အမြဲတမ်းပြောချင်တာပြောတတ်တာပဲ အစကတည်းက သဘောကျခဲ့တဲ့လူက ဘယ်သူလဲဆိုတာ ဘယ်သူကပြောပြခဲ့တာမို့လို့လဲ'
"ပိုင်ယွီ မော့ယွင်ရဲ့သွေးကျွန်မလုပ်ပါနဲ့ ဟုတ်ပြီလား"
ပိုင်ယွီထံမှ တင်းတင်းကြပ်ကြပ် အဖက်ခံလိုက်ရသောအခါ ရှစ်ယွင်ယီ၏နှလုံးသားထဲ၌ အနည်းငယ်ပျော်ရွှင်သွားခဲ့သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️