unicode
အပိုင်း(၄၃) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၃.၁)
ဆိုဖာပေါ်၌ လူတစ်ယောက်ထိုင်နေပြီး ထိုသူ၏အဝတ်အစားများက တမူထူးခြားတင့်တယ်လွန်းသဖြင့် ထိုသူအား လူကြီးလူကောင်းအသွင်ဆောင်စေသည်။
သို့သော် စကားပြောဆိုပုံတွင်မူ ကျက်သရေရှိရန်မဆိုထားဘိ အဆင့်အတန်းမဲ့သော ညစ်ညမ်းမှုတို့ကိုသာ မြင်နေရသည်။
ထိုအမျိုးသားသည် ဘုရင်မင်းမြတ်၏ညီတော်တဖြစ်လဲ အင်ပါယာ၏မင်းသားဖြစ်သူ မော့ဖန်ဖြစ်သည်။မော့ဖန်သည် အန်းယွီပြောပြသည့် ပိုင်ယွီအကြောင်စနားထောင်ပြီးနောက် သူ့တစ်ကိုယ်လုံး၌ သိချင်စိတ်တို့သာပြည့်နှက်လာသည်။
"ယွီဖုန်း အဲ့သူလျှိုက လှည့်စားတတ်တယ်ထင်ရင် ငါ့လက်ထဲအပ်လိုက်သင့်တယ် ဘာပဲဖြစ်ဖြစ် အစ်ကိုကလဲ ငါ့ကိုအလေးပေးတာမို့ မင်းရဲ့သူလျှိူကို ငါလက်ခံလို့ရပါတယ် ဒီလိုသာဆို အစ်ကိုကလဲ ဘာမှပြောမှာမဟုတ်တော့ဘူး"မော့ဖန်သည် သူ့ရှေ့မှ ဖန်ခွက်ကိုယူ၍ ဝိုင်တစ်ငုံ့သောက်ပြီးချိန်တွင် တစ်ကိုယ်လုံးတက်ကြွနေခဲ့သည်။ လီယွီဖုန်းအား ပြဿနာဖြစ်စေသော ထိုသူလျှိုသည် အတော်လေးစိတ်ဝင်စားစရာကောင်းပေလိမ့်မည်။
မော့ဖန်က အပျော်သဘောပြောနေသော်လဲ လီယွီဖုန်း၏မျက်နှာက ချက်ချင်းတင်းမာသွားပြီး ဒေါသတရားတို့က ပိုမိုလှုပ်ခတ်လာသည်။
"ဆိုတော့ကာ ဒီအခေါက်ရော ငါ့ကို သူများဆီပေးပစ်ဦးမှာလား" အပေါ်ထပ်မှ ပိုင်ယွီ၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။ပိုင်ယွီသည် လက်ရန်းကိုမှီထားပြီး အောက်ထပ်တွင်ထိုင်နေသော လီယွီဖုန်းကိုသာ စူးစိုက်ကြည့်နေလေသည်။
အရမ်းကောင်းတာပဲ။ လီယွီဖုန်းအတွက် ဖြေရှင်းချက်ကောင်းပဲမဟုတ်လား။
ပိုင်ယွီ၏မျက်လုံးများက လီယွီဖုန်းအား ကြောက်ရွံ့မှုမရှိ စူးစိုက်ကြည့်နေသည်။ ထိုမျက်ဝန်းများထဲတွင် ပြည့်နှက်နေသောဒေါသကို ခံစားနိုင်သည်။မော့ဖန်သည် အသံလာရာ အပေါ်ထပ်ဆီ အကြည့်ရောက်သွားချိန်၌ မျက်လုံးပြူးသွားရသည်။ သာမန်သူလျှိုဖြစ်ပါက လက်လွှတ်လိုက်မည်ဖြစ်သော်လဲ ယခုကဲ့သို့ အလွန်အမင်းလှပမည်ဟု မထင်ထားခဲ့ပေ။ ဤအသက်အရွယ်ရောက်လာသည်အထိ ဤမျှလှပသောသူကို မတွေ့ခဲ့ဖူးပါပေ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️