unicode
အပိုင်း(၄၀) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၀.၂)
"သူငါ့ကို သစ္စာဖောက်မှာမဟုတ်ဘူး"
လီယွီဖုန်း၏မျက်လုံးထဲ၌ "မင်းကိုသဘောကျတာ"ဟူသော ပိုင်ယွီ၏မျက်နှာလေးကို မြင်ယောင်နေသည်။ ပိုင်ယွီသည် သူ့အား သစ္စာဖောက်လိမ့်မည်မဟုတ်။
"မစမ်းကြည့်ဘဲ ဘယ်လိုသိနိုင်မှာလဲ မင်းရဲ့ကွန်ပြူတာကို ပိုင်ယွီမြင်သာတဲ့နေရာမှာထားရင် သူသစ္စာဖောက်မလား ဒါမှမဟုတ် သစ္စာမဖောက်ဘဲနဲ့ ဘာတွေဆက်လုပ်မလဲဆိုတာ ငါတို့သိနိုင်ပြီပဲ"
အန်းယွီသည် လီယွီဖုန်းအား အေးစက်စွာကြည့်လိုက်သည်။ အချက်အလက်များရှင်းသွားပါက လီယွီဖုန်းသည်လဲ ထိုအပျက်ကောင်အား သည်းခံတော့မည်မဟုတ်ပေ။သို့သော် ကိစ္စမရှိပါချေ။ ပိုင်ယွီသစ္စာဖောက်မည့်အကြောင်းအား လီယွီဖုန်းသည် အနှေးနှင့်အမြန် တွေ့ခွင့်ရပေတော့မည်။
—
ဖုန်းထဲမှ မက်ဆေ့ချ်ကိုကြည့်ကာ ပိုင်ယွီခေါင်းကိုက်လာသည်။ ဤရက်များအတွင်း အမူးလွန်နေခဲ့သဖြင့် သူသည် သူလျှိလုပ်နေရကြောင်းကိုပင် မေ့နေခဲ့သည်။
သို့သော် ဗီလိန်အား အဘယ်ကြောင့် သစ္စာဖောက်ရပါမည်နည်း။
"ဒါကို မသိချင်ယောင်ဆောင်လိုက်လို့ရလား"[မရဘူးလေ မူလဇာတ်ကောင်က ဒီတာဝန်ကို လက်ခံခဲ့တယ်ဆိုတာ မူလဇာတ်ကောင်ရဲ့အစ်မကို အမတ်ပိုင်က ထိန်းချုပ်ထားလို့ပဲ ဒါကြောင့် Hostအနေနဲ့ သူ့ရဲ့ဘေးကင်းမှုကို သေချာအောင်လုပ်ရလိမ့်မယ်]
ပိုင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း ငါသိပြီ"
စာရွက်စာတမ်းတွေ ရှာပေးရုံပဲမဟုတ်လား။
ပိုင်ယွီသည် ထိုအကြောင်းအား သေချာတွေးနေခဲ့သည်။ အကယ်၍ စာရွက်စာတမ်းအတုများသာပေးလိုက်ပါက အချိန်ဆွဲနိုင်ရန် အပြောင်းအလဲဖြစ်သွားနိုင်မည်လော။ဤနေ့တွင် ဗီလိန်သည် ခါတိုင်းနေ့များထက် ပို၍စိတ်အားထက်သန်နေပုံရသည်။
အိပ်ရာထဲ၌ လဲလျောင်းနေသောပိုင်ယွီသည် သူ့ကိုယ်သူ ပြိုလဲသွားတော့မည်ဟုပင် ခံစားနေရသည်။
estrusရာသီကုန်ဆုံးသွားပြီဟု ထင်ခဲ့မိသဖြင့် စိတ်သက်သာရာခဲ့သည်။ သို့သော် ထိုပုဂ္ဂိုလ်က သူ့အားသွားခွင့်ပြုမပေးလောက်ဟု မထင်မိခဲ့ချေ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️