unicode
အပိုင်း(၂၂) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၂၂)
ထိုအခိုက်အတန့်ဝယ် ပိုင်ယွီသည် အလွန်အမင်းသိမ်ငယ်နေပုံရသည်။ ဘောလုံးလေးတစ်လုံးသဖွယ် ကျုံ့ကျုံ့လေးနေနေပုံက ကူရာမဲ့နေသော သနားသဖွယ်ကလေးငယ်တစ်ယောက်နှယ်။
နျဲ့လင်းယွီ၏မျက်လုံးများက ထိုသူ့ကိုသာ စိုက်ကြည့်နေမိသည်။ သူ့ရှေ့မှလူ၏ ကော့ညွှတ်နေသောမျက်တောင်တို့က မသိမသာတုန်ရင်နေပြီး သူ့အားစိုက်ကြည့်နေသော ပယင်းရောင်မျက်လုံးများထဲ၌ ဖော်ပြ၍မတတ်စွမ်းနိုင်သော ခံစားချက်များရှိနေသည်။
"လင်းယွီ...ငါ့ကိုမောင်းမထုတ်လို့...ရနိုင်မလားဟင် ငါ့မှာ...နေစရာမရှိလို့ပါ..."
ပိုင်ယွီသည် သူ၏အောက်နှုတ်ခမ်းကို ဖွဖွကိုက်ထားပြီး သူ၏ဦးခေါင်းအား ဒူးနှစ်လုံးကြားတွင် ရှက်ရွံ့စွာ မြုပ်နှံထားသည်။ လက်မောင်းအစုံက ထိုဒူးများအား တင်းကြပ်စွာဖက်ထားသည်က အရှက်ရဖွယ်စကားတစ်စုံတစ်ရာကို ပြောလိုက်ရသည့်နှယ်။
သူ့ရှေ့မှလူကိုငေးကြည့်နေရင်း နျဲ့လင်းယွီ၏နှလုံးသားက ပြင်းပြင်းထန်ထန်နာကျင်လာရသည်။ ပိုင်ယွီသည် ရှိသမျှစုငွေအားလုံးကို သူ့အတွက်လက်ဆောင်ပေးရန် သုံးခဲ့ကြောင်း မမေ့ခဲ့ပေ။ ယခုအခါတွင် ပိုင်ယွီထံ၌ ဆယ်ဂဏန်းမျှသော ယွမ်ငွေပမာဏသာကျန်တော့သည်။
ထို့ကြောင့် သူ့ကိုယ်သူလိမ်ညာ၍ ထွက်သွားရန်နေရာမရှိတော့သလို ယုတ်စွအဆုံး ဟိုတယ်တွင်တစ်ညတည်းရန်ပင် ငွေမရှိတော့ပေ။
နျဲ့လင်းယွီသည် အတော်ကြာသည်အထိ မတုံ့ပြန်လာသောအခါ ပိုင်ယွီ၏မျက်နှာထားက ပို၍ရှက်ကိုးရှက်ကန်းဖြစ်လာတော့သည်။
"ငါ့ကို ဒီမှာမနေစေချင်ဘူးဆိုရင်လဲ မြေအောက်ခန်းမှာတော့ နေခွင့်ပြုနိုင်မလားဟင်..."
တုန်ရီနေသော ပိုင်ယွီ၏လေသံနှင့် စကားလုံးတိုင်းက သူ့နှလုံးသားကို အပ်နှင့်ဆွနေသည်ထက်ပင် ပို၍နာကျင်ရသည်။
နာကျင်စရာတွေက အများကြီးရှိနေပုံပဲ...။
သည်းမခံနိုင်တော့သည့်အဆုံး နျဲ့လင်းယွီသည် ကုတင်ပေါ်မှပိုင်ယွီကိုဆွဲကာ ရင်ခွင်ထဲသွင်းလိုက်သည်။ နျဲ့လင်းယွီသည် အံကိုတင်းတင်းကြိတ်ကာ မျက်လုံးများကို မှိတ်ထားခဲ့သည်။ သူ၏ရင်ခွင်ထဲမှ ထိုလူသားအား တင်းကြပ်စွာဖက်ထားခဲ့သည်က သူ၏အသွေးအသားထဲသို့ မြှုပ်နှံပစ်လိုက်ချင်နေသည့်နှယ်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️