unicode
အပိုင်း(၉၁) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၄.၁)
လက်ရှိတွင် လူတိုင်းက အဆင်သင့်ဖြစ်နေသည့်တိုင် ပိုင်ယွီကမူ ဤနေရာတွင် စမ်းတဝါးဝါးဖြစ်နေသေးသည်က သူ့ကိုမပျော်မရွှင်ဖြစ်စေသည်။
စာပေနှင့်အနုပညာကော်မတီဝင်သည် ပိုင်ယွီ၏ပုံစံကိုကြည့်ပြီးနောက် မလှမ်းမကမ်းမှ ကျောင်းပန်းလေးကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲ၌ နာကျင်မှုကိုသာ ခံစားနေရသည်။
ပိုင်ယွီ၏နောက်ကျောပုံရိပ်လေးက အလွန်လှပသည်။ ရှည်လျားသောအရပ်ကြောင့်ဖြစ်စေ သို့မဟုတ် ချောမွေ့သောအသားအရေကြောင့်ဖြစ်စေ ဘယ်လိုကြည့်ကြည့် လှပသည်။ သို့ပါသော်လဲ ထိုပုံရိပ်သည်က ထင်ယောင်ထင်မှားဖြစ်နေခြင်းသာဖြစ်ကြောင်း မှတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ပိုင်ယွီသည် ကျောင်းပန်းလေးလောက်မလှပပေ။ ကျောင်းပန်းလေးက ထိုအမည်ရလာခြင်းမှာ အလွန်လှပသောကြောင့်ပင်။
ယခုအခါတွင် ရုပ်ဆိုးဆိုးလူတစ်ယောက်က အိပ်မောကျနေသောအလှလေးနေရာတွင် သရုပ်ဆောင်မည်ဆိုလျှင် အနုပညာကော်မတီဝင်များအားလုံး ငိုယိုကုန်လိမ့်မည်။
အတော်ကြာသည်အထိ စမ်းတဝါးဝါးဖြစ်နေသေးသော ပိုင်ယွီကိုကြည့်ကာ အလွန်အမင်း စိတ်မရှည်ဖြစ်လာသည်။
"မင်းနေကောင်းလား ငါတို့အလှည့်ရောက်တော့မယ် မြန်မြန်လုပ်စမ်းပါ"
"အင်း...ငါ့မျက်မှန် မရှိတော့ဘူး"
ပိုင်ယွီသည် စိတ်ပျက်လက်ပျက်နှင့် မော့ကြည့်လာသည်။ မူလဇာတ်ကောင်၏မျက်လုံးများက အလွန်အားနည်းလှသည်။ သူ့ရှေ့မှအရာအားလုံး ဝေဝါးနေပြီး ဘာကိုမှ သေသေချာချာမတွေ့ရပေ။
"လူတစ်ယောက်အနေနဲ့ မင်းကိုပိုပြီး အားကိုးလို့ရမလား မင်းရဲ့ကိစ္စတိုင်းကို ငါတို့လိုက်ရှင်းပေးနေရမှာလား ငါပြောမယ် မင်းအတွက်နဲ့ ဒီဖျော်ဖြေပွဲက ကျရှုံးတော့မယ်"
ကော်မတီဝင်သည် ထိုစကားများကို ပြောနေပါသော်လဲ ဖျော်ဖြေပွဲသည် ကနဦးအစကတည်းက ပြဿနာဖြစ်နေကြောင်း သိနားလည်ထားပြီးဖြစ်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️