unicode
အပိုင်း(၂၇) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၂၇)
"ဘာဖြစ်လို့လဲ"
နျဲ့လင်းယွီ ရုတ်တရက်မျက်မှောင်ကျုံ့လိုက်မိသည်။ အကြောင်းရင်းကို မသိသေးသည့်တိုင် ရင်ထဲတုန်လှုပ်သွားရသည်။
"Boss ကျွန်တော် ပိုင်ယွီကိုစောင့်ကြည့်နေတုန်း ပိုင်လင်က လူတွေအများကြီးနဲ့ရောက်လာတယ် ပြီးတော့ ပိုင်ယွီကို သေနတ်နဲ့ချိန်ပြီး ဖမ်းခေါ်သွားကြတယ်"
"ဘာပြောတယ်"
သူ့နားကိုပင် သူမယုံနိုင်ပေ။ တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသလိုပင် သူ့စိတ်ထဲ၌ ဟာလာဟင်းလင်းဖြစ်သွားရသည်။
ထို့နောက် နှလုံးခုန်သံတို့က ပြင်းထန်လာသည်။
"Boss,ကျွန်တော် သူတို့နောက်လိုက်နေတုန်းပဲ ဒီကိုလူထပ်လွှတ်ပေးပါလား နောက်ကျသွားရင် တစ်ခုခုဖြစ်မှာ စိုးရိမ်ရပါတယ်"
ဘော်ဒီဂတ်လေးသည် ကားကိုအရှိန်တင်လိုက်သည်။ ပိုင်လင်တို့က လူအုပ်တောင့်သလို သေနတ်လဲပါသဖြင့် အရောက်နောက်ကျသွားလျှင် တစ်စုံတစ်ခုဖြစ်သွားနိုင်သည်။
နျဲ့လင်းယွီသည် ရူးသွပ်နေလျှင်ပင် လက်ရှိအနေအထားကို ခန့်မှန်းနိုင်သည်။
အားလုံးက ပိုင်လင်၏အကြံအစည်များသာဖြစ်သည်။
ပိုင်ယွီအားမောင်းထုတ်ရန် ဓာတ်ပုံများနှင့် သွေးထိုးလှုံ့ဆော်ခဲ့ပြီးနောက် အပြင်ရောက်လာသောပိုင်ယွီကို ဖမ်းခေါ်သွားသည်။
လူအများကြီးပါလာပြီး သေနတ်ပါရှိနေပုံအရ သေချာပြင်ဆင်ထားခြင်းသာဖြစ်သည်။
ပိုင်ယွီက ဖမ်းခေါ်ခံသွားရပြီဖြစ်၍ နောက်ဆက်တွဲကိစ္စကို တွေးကြည့်၍ပင်မရပေ။
နျဲ့လင်းယွီဘဝတွင် ဤမျှလောက်အထိ တစ်ခါမှနောင်တမရဖူးပေ။
သူ၏လူများကို စုဝေးစေပြီးနောက် ကားများဖြင့် ထွက်လာခဲ့ကြသည်။
—
ကားနောက်ခန်းတွင်ထိုင်နေသော နျဲ့လင်းယွီသည် ဆောက်တည်ရာမရဖြစ်နေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️