Arc 2.19(2)

4.3K 353 1
                                    

unicode

အပိုင်း(၄၉) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၉.၂)

ရှောင်မီဟူ၏ငိုသံက ပြန်လည်ထွက်ပေါ်လာခဲ့သည်။

[ဝူး ဝူး ကျွန်တော် တမင်လုပ်ခဲ့တာမဟုတ်ပါဘူး အ ရင်အခေါက်က မမြင်လိုက်မိလို့ပါ Hostက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ]

ပိုင်ယွီခမျာ လုံးဝကူရာကယ်ရာ မဲ့နေရရှာသည်။ အဘယ်ကြောင့်များ သူ့ထံတွင် ဤကဲ့သို့ Systemမျိုး ရှိနေရပါသနည်း။

ထွက်ခွာရတော့မည်ထင်ခဲ့သဖြင့် ဝက်ခြေထောက်ကောင်အား ခွင့်လွှတ်ပေးလိုက်ရုံသာမက လူကြားထဲမှာပင် ဖက်နမ်းခဲ့သေးသည်။ ထိတ်လန့်ဖွယ်အကောင်းဆုံးမှာ သာမန်အနမ်းပင်မဟုတ်ခဲ့ခြင်းပင်။

ယခုအခါတွင် လူများစွာက သူတို့ကိုကြည့်နေပြီး အော်ဟစ်နေကြသည်။

တဖြည်းဖြည်းနီရဲလာသော ပိုင်ယွီ၏မျက်နှာကို သာမန်မျက်စိနှင့်ပြင် သိသိသာသာမြင်ရနိုင်ပြီး ထိုမျက်နှာလေးမှ သွေးများပင်ထွက်လာတော့မလိုပင်။

ဘုရားရေ အရမ်းရှက်ဖို့ကောင်းတာပဲ။

ပီတိဖြာနေသော လီယွီဖုန်း၏မျက်နှာအား မြင်လိုက်ရသောအခါ မြေကြီးအက်ကွဲကြောင်းများထဲ ခုန်ဝင်လိုက်ချင်စိတ်များသာ တဖွားဖွားထွက်ပေါ်လာရလေသည်။

-

တီဗီတွင်ပြသနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီးနောက် မော့ဖန်သည် ဒေါသတကြီးနှင့် တီဗီကို ကြမ်းပေါ်တွန်းချလိုက်သည်။

သူ့အစ်ကိုတော်ထံတွင် ပိုင်ယွီကိုပေးရန် တောင်းဆိုခဲ့ပြီးဖြစ်သော်လဲ ယခုအခါတွင်မူ လီယွီဖုန်းက ပိုင်ယွီနှင့်စေ့စပ်ထားကြောင်းကို တစ်နိုင်ငံလုံးရှေ့၌ ကြေငြာခဲ့သည်။

"မော့ဖန်"

ဘုရင်မင်းမြတ်သည် သူ၏ညီတော်အား အေးစက်စွာကြည့်လိုက်ပြီး "နောက်ဘယ်တော့မှ ပိုင်ယွီအကြောင်း ထပ်မပြောနဲ့တော့"

"ဘာဖြစ်လို့လဲ ကျွန်တော် သူ့ကိုကြိုက်တယ်လေ"

"ဘာကြောင့်လဲဟုတ်လား သူ့မှာ လီယွီဖုန်းရဲ့ကိုယ်ဝန်ကို လွယ်ထားရပြီလေ"

"သူ့မှာကိုယ်ဝန်ရှိရှိ မရှိရှိ ဂရုမစိုက်ဘူး ကလေးရှိနေတော့ရော ဖျက်ချပစ်လို့ မရတာမို့လို့လား"

မော့ဖန် အံတင်းတင်းကြိတ်ထားမိသည်။ တီဗီထဲမှပိုင်ယွီသည် လွန်ခဲ့သောရက်များကထက်ပင် ပိုလှလာသေးသည်။

တစ်ချက်ကြည့်မိရုံနဲ့တင် အကြည့်မလွှဲနိုင်တော့ပေ။ ထိုသို့လူမျိုးကိုသာ မပိုင်ဆိုင်ရလျှင် သူ့ဘဝသည်လဲ ကောင်းမွန်နိုင်တော့မည်မဟုတ်ပါပေ။

ဘုရင်မင်းမြတ်သည် ရူးသွပ်နေပုံရသော သူ၏ညီတော်အား ကြိမ်းဝါးမိချင်လာသည်။

ထိုအရူးမှာ ကိုယ်ဝန်ဆောင်ထားသော လီယွီဖုန်း၏ဇနီးလောင်းကိုပင် လိုချင်နေသေးသည်။

"အခုလေးတင် တီဗီမှာကြည့်လိုက်ရတဲ့ အင်အားကြီးတဲ့လီယွီဖုန်းမဟုတ်ဘဲ သာမန်လီယွီဖုန်းဖြစ်နေရင်တောင် တော်ဝင်မိသားစုဝင်တွေဟာ သူတပါးရဲ့ဇနီးမယားကို လုယူလို့မရဘူး ကိုယ်ဝန်ပါရှိနေရင်တော့ ပြောစရာတောင် မကျန်တော့ဘူး မော့ဖန် ငါထပ်ပြောလိုက်မယ် ပိုင်ယွီအတွက်နဲ့ သူ့ကိုသွားမတိုက်ခိုက်နဲ့ မင်းအတွက် မဖြစ်နိုင်ဘူး"

ထိုသို့ပြောပြီးနောက် ဘုရင်မင်းမြတ်သည် နေရာမှထွက်သွားခဲ့သည်။

မော့ဖန်ကသာ အလိုမကျမှုများနှင့် ကျန်ရစ်နေခဲ့သည်။

မရဘူး။ သူလုံးဝအရှုံးမပေးနိုင်ဘူး။ ပိုင်ယွီမှာ ကိုယ်ဝန်ရှိနေတော့ရောဘာဖြစ်လဲ။

ဒီလိုကိစ္စမျိုးတွေ မရှိဖူးဘူးလို့ အစ်ကိုတော်က ပြောသွားခဲ့တာပဲ။ ဒါဆိုရှိလာအောင်လို့ လုပ်ပေးရမှာပေါ့။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now