Arc 4.5(1)

2.4K 225 0
                                    

unicode

အပိုင်း(၈၂) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၅.၁)

ရှဲ့ကျွင်းယန်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်လာသလိုမျိုး ပိုင်ယွီခံစားနေရသည်။ ဤကမ္ဘာတွင်မူ ထိုသို့ရုပ်ဆိုးဆိုးမျက်မှန်ကြီးကို တစ်ချိန်လုံးတပ်၍ ဖြတ်သန်းရတော့ပါမည်လော။

ထိုအချိန်၌ သူတို့နံဘေးမှ ကောင်လေးတစ်ယောင်သည် သူရှိရာသို့ ငေးကြည့်နေသည်ကို ပိုင်ယွီ ဖြတ်ခနဲတွေ့လိုက်သည်။

ပိုင်ယွီပြန်ကြည့်လိုက်သောအခါ ထိုကောင်လေးက ကမန်းကတန်း မျက်နှာလွှဲသွားပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေလေသည်။

ထိုကောင်လေးကို တစ်နေရာရာ၌ တွေ့ဖူးနေသလိုမျိုး ခံစားရသော်လဲ အတော်ကြာသည်အထိ ခေါင်းထဲမှမထွက်လာသဖြင့် အရေးတကြီးလုပ်မနေတော့ပေ။

သို့သော် ရှဲ့ကျွင်းယန် အိမ်ပြန်လိုက်ပို့ပြီးနောက် ထိုကောင်လေးကို ပိုင်ယွီထပ်တွေ့လိုက်သည်။

——

သူ့အိမ်တံခါးကို ဆက်တိုက်ခေါက်နေပြီး ကန်လဲကန်နေပုံရသည်။ ပိုင်ယွီတံခါးကိုသွားဖွင့်သောအခါ ထိုကောင်လေးကို မြင်လိုက်ရသည်။

အနီးကပ်သေချာမြင်လိုက်ရပြီးမှ ထိုကောင်လေးကို ပိုင်ယွီမှတ်မိသွားရသည်။

ထိုနေ့က သူ့ကိုအနိုင်ကျင့်သည့်ကောင်မလေးဘက်မှ ဝိုင်းရိုက်ပေးသူဖြစ်သည်။ ကောင်လေး၏နာမည်မှာ စုန့်ယွီဟုခေါ်ပြီး ထိုကောင်မလေးစုန့်ကျဲ၏အစ်ကိုဖြစ်သည်။ အတိတ်နေ့ရက်များတွင် စုန့်ယွီသည် သူ့ညီမအား ကူညီပေးသည့်အနေနှင့် ပိုင်ယွီကို ရိုက်နှက်တတ်ပြီး အကြောင်းရင်းကမူ ပိုင်ယွီသည် ရှဲ့ကျွင်းယန်ကို အတင်းလိုက်ကပ်သောကြောင့်ဟုဆိုသည်။

ရှဲ့ကျွင်းယန်ကို သဘောကျသောလူအုပ်ထဲတွင် စုန့်ကျဲက အခြေအနေအကောင်းဆုံးဖြစ်သည်။ ထို့ကြောင့်လဲ ရှဲ့ကျွင်းယန်သည် သူမအပေါ် စိတ်ယိုင်လာမည်ဟု အမြဲတမ်းတွေးနေလေ့ရှိသည်။

သို့ပါသော်လဲ ရှဲ့ကျွင်းယန်ကမူ မည်သူ့ကိုမှ ဂရုမစိုက်ပေ။ ရှဲ့ကျွင်းယန်အပေါ် ဒေါသထွက်မရသောအခါ သူမ၏ဒေါသများအတွက် ပစ်မှတ်က ပိုင်ယွီဖြစ်လာပြီး သူမ၏အစ်ကိုစုန့်ယွီက အကောင်းဆုံးကူညီပေးသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now