Arc 4.6(1)

2.4K 229 2
                                    

unicode

အပိုင်း(၈၃) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၆.၁)

ထိုမျက်မှန်ကိုတပ်ထားသောအခါ ပိုင်ယွီသည် ဉာဏ်ကောင်းသောအလှလေးနှင့်တူပြီး ရှဲ့ကျွင်းယန်အတွက်မူ မျက်စိစပါးမွှေးစူးရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုမျက်မှန်က သူပေးခဲ့သည့်မျက်မှန်မဟုတ်ပေ။

ထိုမျက်မှန်သည် ပိုင်ယွီ၏မျက်နှာကို ပေါ်လွင်စေသည့်အတွက် ပိုင်ယွီ၏အလှကို လူတိုင်းမြင်သွားနိုင်သည်။

ထိုသို့ဖြစ်ရန် သူခွင့်မပြုနိုင်ပေ။

ရှဲ့ကျွင်းယန် အေးတိအေးစက်နှင့်ပြုံးလိုက်ပြီး ပိုင်ယွီတပ်ထားသောမျက်မှန်ကိုချွတ်ကာ နံဘေးမှအမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။

"ပိုင်ယွီ မင်းက အရမ်းရေပန်းစားပုံပဲ တစ်ယောက်ယောက်ကများ အိမ်တိုင်ရာရောက် မျက်မှန်လာပို့ပေးသွားတာလား"

"ဘာလို့လဲ"

ရှဲ့ကျွင်းယန်၏ မပျော်ရွှင်နေမှုကိုတွေ့လိုက်ရသောအခါ ပိုင်ယွီ အသဲအသန်ရှင်းပြလိုက်သည်။

"ငါတို့အတူသွားဝယ်ခဲ့တဲ့မျက်မှန်ကို စုန့်ယွီက နင်းချိုးလိုက်တယ်လေ ဒါကြောင့် လျော်ကြေးပေးတဲ့အနေနဲ့ အစားပြန်ဝယ်ပေးတာ"

"ဒီတော့ သူကနှစ်ကြိမ်တောင်လာသွားတယ်ပေါ့"

ရှဲ့ကျွင်းယန်သည် ပိုင်ဆိုင်လိုစိတ်ပြင်းပြပြီး ပိုင်ယွီခမျာ ကူရာကယ်ရာမဲ့နေရှာသည်။

ရှောင်မီဟူ၏အသံက အချိန်ကိုက်ပေါ်လာသည်။

[Host ဒီကမ္ဘာမှာ ဗီလိန်က ကျောင်းသားတစ်ယောက်ပဲဆိုပေမဲ့ အရင်ကမ္ဘာက ဗီလိန်တွေဆီမှာမရှိနိုင်တဲ့ ဖုံးကွယ်ထားတဲ့ ပင်ကိုဗီဇရှိပါတယ် Hostသတိထားပါ]

"ဘယ်လိုဗီဇမျိုးလဲ"

သူ့ဆီဖြည်းဖြည်းချင်း ချည်းကပ်လာသော ရှဲ့ကျွင်းယန်ကိုကြည့်ကာ ရှောင်မီဟူအား ပိုင်ယွီမေးနေမိသည်။

[Yandereလိုမျိုး စိတ္တဇဆန်ဆန်ကြီးလေ ဒါကြောင့်မို့လို့ ဗီလိန်ကိုဒေါသထွက်အောင်မလုပ်ပါနဲ့ မဟုတ်ရင်တော့ Hostကိုချုပ်ထားပြီး သေတဲ့အထိလုပ်မှာ]

"ဘယ်လိုတောင်အကျိုးနည်းတဲ့ ဗီဇမျိုးပါလဲနော်"

ပိုင်ယွီ ဆွံ့အနေမိသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now