unicode
အပိုင်း(၇၉) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၂.၂)
"ပိုင်ယွီ မင်းရှိလား"
ပိုင်ယွီက ပြုံးလိုက်ပြီးနောက် တီဗီကိုအလျင်အမြန်ပိတ်ကာ တံခါးဆီလျှောက်သွားခဲ့သည်။
"ကြည့်စမ်းပါဦး ငါ့ဆီကို သူအရင်လာတာ"
ရှောင်မီဟူကမူ လုံးဝအံ့သြသွားသည်။ ဘာတွေဖြစ်သွားသည်ကိုပင် မသိတော့ပေ။
သူ့ရဲ့Hostက အကြားအမြင်ရနေပါသလော။ ထိုသို့သာမဟုတ်ပါက ဗီလိန်ရောက်လာမည်ကို မည်သို့သိပါမည်နည်း။
-
တံခါးပွင့်သွားသောအခါ ရှဲ့ကျွင်းယန်၏ချောမောသောမျက်နှာလေးက မြင်ကွင်းထဲဝင်လာသည်။
ပိုင်ယွီ ပြုံးပြုံးကြီးကြည့်နေမိသည်။ ကျောင်းမှမိန်းကလေးများ အရူးအမူးဖြစ်သည်က အံ့သြစရာမရှိပါချေ။ ထိုကောင်လေးသည် တကယ့်ကိုအရည်အချင်းပြည့်ဝသည်။
သို့သော် ထိုသို့တွေးနေသည်က ပိုင်ယွီတစ်ယောက်ထဲမဟုတ်ဘဲ ရှဲ့ကျွင်းယန်လဲပါသည်။
ပိုင်ယွီအား နောက်ဆုံးတွေ့လိုက်သောနေ့မှစ၍ အမြဲတမ်းထပ်တွေ့ချင်မိသည်။
ယခုအခါ ပိုင်ယွီက မျက်မှန်မတပ်ထားဘဲ ပယင်းရောင်မျက်လုံးကြီးများနှင့် စူးစိုက်ကြည့်နေသည်။
ထိုမျက်လုံးအစုံမှာ မီးထိုးထားသလို တောက်ပနေသည်။ လှပသောမျက်နှာလေးတွင် အပြုံးရေးရေးလေးပေါ်နေသဖြင့် နူးညံ့၍ချစ်စဖွယ်ကောင်းသောပါးချိုင့်လေးကိုပါ မြင်နေရသည်။
ပိုင်ယွီသည် ညအိပ်ဝတ်စုံကြီးကို ဝတ်ထားသောကြောင့် ပခုံးသားများ လည်တိုင်သွယ်သွယ်လေးနှင့် ညှပ်ရိုးလှလှလေးများကိုပါ မြင်နေရသည်။
တစ်စုံတစ်ယောက်ကိုကြည့်၍ နားရွက်များနီရဲလာခြင်းက ရှဲ့ကျွင်းယန်အတွက် ပထမဆုံးဖြစ်ပါလိမ့်မည်။
ကျောင်းမှလူများသည် ပိုင်ယွီဤမျှအထိလှသည်ဟု စိတ်ပင်ကူးဖူးမည်မဟုတ်ပေ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️