unicode
အပိုင်း(၄၇) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၇.၁)
ပိုင်ယွီသည် အလွန်အမင်းရှော့ရသွားခဲ့ပြီဖြစ်ကာ တုန်ရင်နေမှုကိုပင် မထိန်းနိုင်တော့ချေ။
"ငါ ငါ ငါ့ဘာသာသောက်ပါ့မယ်"
ပိုင်ယွီသည် ပန်းကန်အား လျှင်မြန်စွာယူလိုက်ကာ တစ်ဇွန်းပြီး တစ်ဇွန်း ခပ်သောက်တော့သည်။လီယွီဖုန်း၏နှုတ်ခမ်းများက မသိမသာ တွန့်ကွေးနေခဲ့သည်။
"လိမ္မာသားပဲ"
ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။
တံခါးခေါက်နေသူမှာ လီယွီဖုန်း၏နောက်လိုက်တစ်ယောက်ဖြစ်ပြီး သူ၏အသံတွင် အလျင်လိုနေမှုများလဲ ပါဝင်နေသည်။
"စစ်ဦးစီးချုပ် ဘုရင်မင်းမြတ်က အရေးတကြီး ဆင့်ခေါ်လိုက်ပါတယ် ကြီးကြီးမားမားကိစ္စတွေ ဖြစ်လာပုံရပါတယ်"
လီယွီဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ပိုင်ယွီအား နမ်းလိုက်သည်။
"ကလေးလေး ဒီကပဲစောင့်နေနော် ကိုယ်ခဏနေရင် ပြန်လာခဲ့မယ်"
ပိုင်ယွီကမူ တစ်ဖက်သို့လှည့်ကာ လျှစ်လျှုရှုနေလေသည်။
လီယွီဖုန်းတစ်ယောက် ကူရာကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိသည်။ အတိတ်က သူတရားလွန်ခဲ့သောကြောင့် ဤအကောင်ပေါက်လေးအား ခက်ခက်ခဲခဲချော့မော့ရတော့မည့်ပုံပင်။ထို့နောက် ပိုင်ယွီ၏ပါးလေးကို ထပ်နမ်းကာ တွန့်ဆုတ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။
လီယွီဖုန်း ထွက်သွားပြီး မကြာခင်မှာပင် လူနာခန်းတံခါးက ပွင့်လာပြန်သည်။
ပိုင်ယွီကမူ လီယွီဖုန်းအမှတ်နှင့် လှည့်မကြည့်ခဲ့ချေ။ သို့သော် အမတ်ပိုင်၏အသံ ထွက်ပေါ်လာခဲ့သည်။
"ပိုင်ယွီ ငါမင်းကိုလာခေါ်တာ"ဘုရင်မင်းမြတ်ထံမှ သတိပေးစာရပြီးနောက် အမတ်ပိုင်သည် ချက်ချင်းအပြေးလာခဲ့ရသည်။
လီယွီဖုန်း၏လူများက အလွန်တင်းကြပ်လှပြီး လူနာခန်းအတွင်း အန်းယွီကိုပင် ဝင်ခွင့်မပေးခဲ့ချေ။ သို့သော် ဘုရင်မင်းမြတ်၏လူများလောက် အင်အားမကြီးနိုင်ပါချေ။မော့ဖန်းသည် ပိုင်ယွီအားတွေ့ပြီးနောက် မည်မျှအထိ စိတ်အားထက်သန်ခဲ့သလဲ သူမသိပေ။
ဘုရင်မင်းမြတ်သည် သူ၏ညီတော်အား ကလေးဘဝကတည်းကပင် လွန်စွာချစ်မြတ်နိုးသည်။ ယခုအခါတွင်လဲ ပိုင်ယွီအား လီယွီဖုန်းထံပေးလိုက်ပြီးသည့်တိုင် သူ၏ညီငယ်အလိုကျ လိုက်လျောပေးလိုက်ပြန်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️