unicode
အပိုင်း(၈၀) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၃.၂)
ရှဲ့ကျွင်းယန်အား မည်သို့မျှမတားဆီးနိုင်တော့ဘဲ ပိုင်ယွီ အကျီၤချွတ်၍ လှဲချလိုက်ရသည်။
အေးစက်စက်လိမ်းဆေးကို သူ၏ကိုယ်ပေါ်၌လိမ်းပေးနေသော ရှဲ့ကျွင်းယန်၏လက်က နွေးထွေးလှသဖြင့် အလွန်အမင်းသက်တောင့်သက်သာရှိလှသည်။အိပ်ရာပေါ်၌လှဲနေသောပိုင်ယွီသည် မအောင့်နိုင်တော့ဘဲ ရေရွတ်လိုက်မိသည်။
"အရမ်းနေလို့ကောင်းတာပဲ"
"တကယ်လား"
ရှဲ့ကျွင်းယန်က မသိမသာပြုံးလိုက်ပြီး "ဒါဆို မင်းကို ပိုပြီးနေလို့ကောင်းအောင်လုပ်ပေးမယ်"
ပိုင်ယွီ: ...အဲ့စကားက ပိုညစ်ညမ်းလာသလိုပဲ... ..
နူးညံ့ချောမွေ့သောအရေပြားကို သူ၏လက်ချောင်းများနှင့် ထိမိလိုက်တိုင်း ရှဲ့ကျွင်းယန် စိတ်ဂနာမငြိမ်ဖြစ်သွားရသည်က သိသာလှသည်။
အစပိုင်းတွင် ရိုးရိုးတန်းတန်းဆေးလိမ်းပေးနေသော်လဲ နောက်ပိုင်းတွင်မူ လက်ချောင်းများက ပိုင်ယွီ၏အရေပြားကို သိသိသာသာပွတ်သပ်နေမိခဲ့သည်။ပိုင်ယွီ၏အသားအရေမှာ သူထင်ထားသည်ထက် များစွာနူးညံ့လှပြီး ပိုးထည်တစ်စလိုပင် ခံစားရသည်။ အတိတ်က အလွန်မုန်းတီးခဲ့သောသူက သူ့အပေါ်ရုတ်တရက်ကြီး ဆွဲဆောင်လာနိုင်သောအကြောင်းရင်းကို ကိုယ်တိုင်လဲနားမလည်တော့ပေ။
သို့သော် ထိုအကြောင်းရင်းကိုတွေးရန် အင်အားမရှိတော့ပေ။ လက်ရှိတွင် သူသည် အလွန်အမင်းလှပသော ပိုင်ယွီ့ခန္ဓာကိုယ်၏ ဆွဲဆောင်မှုအောက်၌ လုံးဝကျရောက်နေပြီဖြစ်သည်။
ဒဏ်ရာများနှင့် ပိုင်ယွီ၏ခန္ဓာကိုယ်အား ကြည့်နေမိသော်လဲ ထိုခန္ဓာကိုယ်လေးက သြချရအောင်လှသည်ဟု ခံစားနေရဆဲပင်။ ဒဏ်ရာများသာ သက်သာသွားလျှင် မည်မျှလှပလိမ့်ပါမည်နည်း။
"မင်းရဲ့ခြေထောက်မှာလဲ ဒဏ်ရာရထားတယ်မဟုတ်လား အဲ့တာကြောင့် မတ်တပ်မရပ်နိုင်တာဖြစ်မယ်"
ရှဲ့ကျွင်းယန်၏အသံက အနည်းငယ်အက်ကွဲနေသည်။
"ဘောင်းဘီကိုလဲ ချွတ်လိုက်လေ ငါဆေးလိမ်းပေးမယ်"
ရှဲ့ကျွင်းယန်၏အသံကို ကြားလိုက်ရသောအခါ ရှောင်မီဟူ စိတ်လှုပ်ရှားစွာဖြင့် ထအော်တော့သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️