Arc 4.6(2)

2.3K 224 0
                                    

unicode

အပိုင်း(၈၃) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၆.၂)

"အိုး မင်းက ငါဆေးလူးပေးတဲ့နည်းကို သဘောကျသွားတာလား"

ရှဲ့ကျွင်းယန်သည် ပိုင်ယွီအား ရွှတ်နောက်နောက်နှင့် ကြည့်နေခဲ့သည်။ မိန်းမောနေသောကာလအပြီး၌ ရှဲ့ကျွင်းယန်၏မျက်လုံးထဲတွင် ကြမ်းတမ်းသောအရိပ်အယောင်တို့ ပြည့်နှက်သွားသည်။

ပိုင်ယွီ၏နားရွက်နားသို့ ပါးစပ်ကိုတိုးကပ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

"တကယ်လို့ ငါဆေးလူးပေးတာကို သဘောကျတယ်ဆို မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို နေ့တိုင်းနေ့တိုင်း လူးပေးနိုင်ပါတယ်"

ထိုအမျိုးသားပြောနေသည့်စကားတို့က ရမ်းကားတတ်သော တေလေဂျပိုးတို့၏စကားပြောပုံနှင့်တူသည်။ ယခင်က အတော်လေးတည်ငြိမ်လေးနက်ပုံရသော်လဲ ဤအဖြစ်အပျက်များအပြီး၌ စကားပြောသော လေယူလေသိမ်းကအစ ကွာခြားသွားသည်။

ပိုင်ယွီက ရှက်ကိုးရှက်ကန်းဖြစ်နေသောမျက်နှာလေးနှင့် ကြည့်လိုက်ပြီး "မလိုပါဘူး ငါ့ဘာသာလဲ လိမ်းနိုင်တယ်"

ယခုအခါတွင် ရှဲ့ကျွင်းယန်၏လက်၁ဖက်က ပိုင်ယွီအား နံရံနှင့်ဖိကပ်ထားသဖြင့် ၂ဦးကြား၌ နေရာလပ်မကျန်တော့ချေ။ ခေါင်းငုံ့လိုက်ရုံနဲ့တင် လိပ်ပြာတောင်ပံလေးသဖွယ် လှပနေသော ပိုင်ယွီ၏မျက်တောင်မွေးများကို မြင်ရနိုင်သည်။

ရှက်သွေးဖြာနေသော ပိုင်ယွီ၏မျက်နှာရဲရဲလေးက အမှန်တကယ်ချစ်စရာကောင်းသည်။

ယခုအခါတွင်မူ ရှဲ့ကျွင်းယန်၏စိတ်ထဲ၌ စုန့်ယွီသည် အဘယ်မှာရှိနိုင်ပါတော့မည်နည်း။ စိတ်ရှုပ်စရာအရာအားလုံးမှာ သူ့ရှေ့မှလူသားလေးကြောင့် လေထဲလွှင့်သွားကုန်ပြီဖြစ်သည်။ ဤအခြေအနေမျိုး၌ ပိုင်ယွီကမောင်းထုတ်လာလျှင်ပင် သူထွက်သွားမည်မဟုတ်ပေ။

"ရေအတူချိုးချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား ငါ မင်းကို အဖော်လုပ်ပေးမယ်"

ပိုင်ယွီက အသံတိုးလေးနှင့်ဆိုလာသည်။

"ဆေးလူးခိုင်းချင်တာကို စကားမှားပြောမိတာလို့ ငါပြောပြပြီးပြီလေ..."

ရှဲ့ကျွင်းယန်က ခေါင်းငုံ့၍ ပိုင်ယွီ၏ခါးလေးကို သိမ်းဖက်လိုက်ပြီး ထိုကောင်လေး၏တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ထားနိုင်မည့်အခွင့်အရေးကို အရယူလိုက်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now