unicode
အပိုင်း(၉၂) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၁၅.၂)
စုန့်ယွီနောက်ပြောင်နေသည်ဟု ထင်နေသဖြင့် ထိုကောင်လေးက လုံးဝမယုံကြည်ခဲ့ပေ။
စုန့်ယွီသည် လက်ချောင်းများကို တင်းတင်းဆုပ်ကာ တိတ်ဆိတ်သွားခဲ့သည်။
ပိုင်ယွီ၏မျက်နှာလေးကို မြင်လိုက်ရသော ထိုနေ့ကလဲ ဤပုံစံအတိုင်း အံ့အားသင့်ခဲ့ရသည်။ လှပသောပိုင်ယွီသည် သူ့ကိုအံ့အားသင့်စေခဲ့ပါသည်။ ဤနေ့တွင်မူ စတိတ်စင်ပေါ်မှပိုင်ယွီသည် ထိုနေ့ကထက်ပင် ပိုလှနေသေးသည်။ မည်မျှပင်မြင်တွေ့ဖူးခဲ့ပါစေ ပိုင်ယွီသည်က သူ့ကိုအလွန်အမင်းစိတ်လှုပ်ရှားအောင်လုပ်နေဆဲပင်။ သို့သော်လဲ ဤမျှလှပသောလူသားလေးက ရှဲ့ကျွင်းယန်ကို ကြိုက်နေခဲ့သည်။
သူတို့၏ကျောင်း၌ ရှဲ့ကျွင်းယန်ကို သဘောကျနေသူများက မရေမတွက်နိုင်အောင်ရှိသည်။ အဘယ်ကြောင့်များ ပိုင်ယွီကပါ ရှဲ့ကျွင်းယန်ကို သဘောကျရပါသနည်း။
စတိတ်ပေါ်မှပြဇာတ်သည်လဲ နောက်ဆုံးအခန်းသို့ ရောက်လာခဲ့ပြီဖြစ်သည်။ နောက်ဆုံးအခန်းတွင် သူရဲကောင်းမင်းသားလေးက အိပ်မောကျနေသော မင်းသမီးလေးကို နမ်းရတော့မည်။
ရှဲ့ကျွင်းယန်၏ချောမောမှုက အပြစ်အနာအဆာကင်းပြီး ပိုင်ယွီ၏လှပမှုက လူတိုင်းကိုမင်သက်စေသည်။ ချောမောသောယောကျာ်းနှင့် လှပသောမိန်းမတို့၏ပေါင်းစည်းမှုက အမှန်တကယ်ပင် ဆွဲဆောင်မှုရှိလှသည်။
ကနဦး၌ ဆူညံနေသောပရိသတ်သည်လဲ တိတ်ဆိတ်သွားကြပြီး ဇာတ်လမ်း၏ဆွဲခေါ်မှုထံ မျောပါလာကြပြီဖြစ်သည်။
အားလုံးက ပြဇာတ်၏စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကို စောင့်မျှော်နေကြပြီး ထိုအခန်းမှ သူရဲကောင်းမင်းသားက မင်းသမီးလေးကို နမ်းမည့်အခန်းဖြစ်သည်။
ရှဲ့ကျွင်းယန်သည် ပိုင်ယွီ၏အရှေ့သို့ လှမ်းလျှောက်လာခဲ့သည်။ စတိတ်ပေါ်တွင် လဲှလျောင်းနေသောလူသားလေးအား နှလုံးသားထဲမှ အဆုံးမဲ့သောနူးညံ့မှုတို့ဖြင့် ကြည့်နေမိသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️