unicode
အပိုင်း(၅၆) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၃.၁)
ပိုင်ယွီ မျက်မှောင်ကျုံ့လိုက်မိသည်။ အဆုံးသတ်၌ နားညည်းရသည့်တိုက်ခိုက်မှုအား သည်းမခံနိုင်တော့သောကြောင့် ထိုနေရာမှ သူ၏လက်အား ဆန့်လိုက်သည်။
ရှစ်ယွင်ယီ၏ သက်တောင့်သက်သာဖြစ်သွားသော ကိုယ်ခန္ဓာထံမှ အသံတိုးတိုးလေးထွက်လာသည်။ စိတ်ကျေနပ်သွားသော တိရစ္ဆာန်လေးတစ်ကောင်နှယ် ပိုင်ယွီ၏ကိုယ်ပေါ်၌ လဲချကာ ပိုင်ယွီအား တင်းကြပ်စွာဖက်လာသည်။
ပိုင်ယွီ၏ခန္ဓာကိုယ်မှာ နူးညံ့လွန်းပြီး ဖက်ထားပါက သက်တောင့်သက်သာရှိသည်။ သန်မာသော ဗန်ပိုင်းယားနှင့်ယှဉ်ပါက လူသားခန္ဓာမှာ အလွန်နူးညံ့လှပြီး အသာအယာထိလိုက်ရုံနဲ့တင် ပျက်စီးသွားတော့မတတ်ပင်။ရှစ်ယွင်ယီ၏စိတ်အခြေအနေမှာ ကလေးအရွယ်ပြန်ရောက်နေသော်လဲ ပိုင်ယွီအား ဂရုတစိုက်ဆက်ဆံရမည်ကို သတိရနေဆဲပင်။ ပိုင်ယွီအား နူးညံ့စွာပွေ့ဖက်ထားပြီး နှုတ်ခမ်းတို့အား နမ်းရှိုက်နေမိသည်။
"ယွီယွီက အရမ်းချိုတာပဲ...အရမ်းနေလို့ကောင်းတယ်"
......သူ၏စိတ်ထံ၌ မီးရှုးမီးပန်းများ ပေါက်ကွဲနေသလို ခံစားရသည်။ ရောင်စုံသောမီးရှုးတိုင်များက လျင်မြန်စွာပေါက်ကွဲကာ လှပသောမီးပန်းများက ကောင်းပင်ယံ၌ ကျန်ရစ်နေသလိုပင်။ ထိုခံစားချက်က သူ့အား တိမ်တိုက်များအကြား၌ နေနေရသလို ခံစားရစေသည်။
အရမ်း သက်တောင့်သက်သာရှိတယ်....။
[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၂၀၊ လက်ရှိနှစ်သက်မှုက ၂၀%ပါ]ရှက်နေသောပိုင်ယွီသည် နံဘေးမှတစ်ရှုးကိုယူကာ သူ၏လက်ချောင်းများကို သုတ်နေလေသည်။
နှစ်သက်မှုက လွယ်လွယ်နဲ့ရလာသားပဲ။ ဘာပဲပြောပြော သူကလဲ ဗီလိန်ကို တကယ်ကူညီခဲ့တာပဲမလား။လွန်ခဲ့သောကမ္ဘာ၌ သူတို့နှစ်ဦးမှာ လက်ထပ်ခဲ့ကြပါသော်ငြား ထိုဘက်ခြမ်းတွင် ကလေးများနှယ်ဖြူစင်ကာ အထူးအဆန်းမရှိခဲ့ချေ။
ပိုင်ယွီသည် ထိုသူအား ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။
"နောက်တစ်ကြိမ်နာလာရင် ကိုယ့်ဘာသာလုပ်ရမယ် သိပြီလား"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️