Arc 2.6(1)

3.9K 429 2
                                    

unicode

အပိုင်း(၃၆) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၆.၁)

"အလှလေး စစ်ဦးစီးချုပ်က မင်းကိုအလိုမရှိတော့ဘူးတဲ့ ဒီအရှင်နဲ့အတူ အချိန်ကောင်းလေးတွေဖန်တီးဖို့ အတူလိုက်ခဲ့လာ..."

"အခုရော ဒါလင်လို့ ဘာကြောင့်မခေါ်သေးတာလဲ ဒီနေ့ မင်းနဲ့ကစားဖို့အတွက် ယောကျာ်းတွေအများကြီးရှိတာ မင်းလုံးဝကောင်းသွားစေရမယ်လို့ အာမခံတယ် ကိုယ့်ကိုကိုယ်တောင် ဘယ်သူမှန်း မသိတော့တဲ့အထိလေ"

နောက်ထပ်လူတစ်ယောက်ကမူ ပိုင်ယွီအား ဆွဲဖက်လိုက်ပြီး မေးစေ့ကို လက်ခုပ်ဖြင့်ထိန်းကိုင်ကာ ပိုင်ယွီ၏လည်ပင်းဆီသို့ မျက်နှာကိုအပ်လိုက်သည်။

လီယွီဖုန်းကမူ ပိုင်ယွီ၏ဒေါသထွက်နေသောမျက်နှာကိုမကြည့်ဘဲ လှောင်ပြောင်ကာ အခန်းပြင်သို့ ထွက်သွားလေသည်။

သူ၏အသွင်အပြင်က ပေါ့ပါးတည်ငြိမ်နေပုံရသော်လဲ သေချာကြည့်ပါလျှင် လက်သီးဆုပ်ထားသဖြင့် ပေါက်ကွဲထွက်လုနီးပါးဖြစ်နေသည့် သူ၏လက်ချောင်းမှသွေးကြောများကို တွေ့ရပါလိမ့်မည်။

-

လီယွီဖုန်းထွက်သွားသည်နှင့် ထိုလူတစ်စုသည် ပိုင်ယွီရှိရာသို့ အပြေးအလွှားရောက်လာကြလေသည်။

ပိုင်ယွီသည် နှုတ်ခမ်းကိုတင်းတင်းကိုက်လိုက်ပြီး သူ၏မျက်လုံးများကလဲ ရုတ်တရက်အေးစက်သွားလေသည်။

လီယွီဖုန်းအား စိတ်ကူးပြောင်းသွားပြီး သူ့အားပြန်ခေါ်ထုတ်သွားလိမ့်မည်ဟုမျှော်လင့်ကာ ငေးကြည့်နေခဲ့မိသည်။

ဤကမ္ဘာတွင် လီယွီဖုန်းကသာ သူ၏တစ်ဦးတည်းသော မှီတွယ်ရာဖြစ်သည်။

သို့သော် ဤသို့နေရာမျိုးတွင် တစ်ယောက်ထဲပစ်ထားခံရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

ပိုင်ယွီ၏နှလုံးသားလေး ဝမ်းနည်းကြေကွဲလာရသည်။

မူလဇာတ်ကောင်နေရာမှ ဝင်ကြည့်လျှင်ပင် ဤကိစ္စသည် စိတ်ရောကိုယ်ပါ ဖြစ်တည်လာခဲ့ခြင်းမဟုတ်။

သူလျှိူတဲ့လား...။ ပိုင်ယွီ ခါးသီးစွာပြုံးလိုက်မိသည်။

တကယ်တမ်းတွင် သူသည်ကား ဘုရင်မင်းမြတ်ရွေးချယ်ထားသော ရုပ်သေးရုပ်သာဖြစ်ပြီး မိသားစု၏အပယ်ခံဖြစ်ခဲ့သလို စေ့စပ်ထားသူကလဲ မုန်းတီးနေခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Tahanan ng mga kuwento. Tumuklas ngayon