Arc 2.11(1)

3.8K 353 2
                                    

unicode

အပိုင်း(၄၁) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၁.၁)

"မကြာခင်ကပဲ လီယွီဖုန်းက မင်းကိုအမှတ်အသားပြုလိုက်တယ်လို့ ငါကြားတယ် အခုမင်းရဲ့ခေါင်းထဲ မတွေးသင့်တယ်အတွေးမျိုးတွေ ရှိနေတာလား မင်းက စစ်ဦးစီးချုပ်ရဲ့ဇနီးဖြစ်သွားတာနဲ့ပဲ စာကလေးဘဝကနေ ဇာမဏီငှက်ဖြစ်လာမယ်ထင်နေတာလား အိပ်မက်မက်မနေနဲ့ မင်းရဲ့အစ်မက ငါ့လက်ထဲမှာဆိုတာကိုလဲ မမေ့နဲ့ဦး မင်းသာ မလိမ္မာရင် ငါသူ့ကို ချက်ချင်းသတ်ပစ်မှာ"

ပိုင်ယွီ မျက်မှောင်ကျုံ့လိုက်မိသည်။ သူ၏ရင်ဘတ်ထဲမှ နာကျင်နေသောကြောင့်ပင်။

နှလုံးနေရာသို့ လက်ဖြင့်ဖိထားလိုက်သည်။ ဤအခေါက်နာကျင်မှုမှာ သူ၏ခံစားချက်မဟုတ်ဘဲ မူလဇာတ်ကောင်၏ ကြွင်းကျန်ခဲ့သော အသိစိတ်ကြောင့်ဖြစ်သည်။

"အစ်မ"ဟူသောစကားလုံးက အတော်လေးစိတ်ဆင်းရဲစေပုံအရ မူလဇာတ်ကောင်သည် သူ၏အစ်မဖြစ်သူအား လွန်စွာချစ်ပေလိမ့်မည်။

ပိုင်ယွီ အေးစက်စွာဖြင့် စကားပြန်လိုက်သည်။ "ကျွန်တော်သိတာမို့ ပူမနေပါနဲ့ ရှာတွေ့တာနဲ့ ပို့ပေးလိုက်မယ်"

လီယွီဖုန်း၏ကွန်ပျူတာသည် ကုတင်နှင့်မလှမ်းမကမ်းရှိ စားပွဲထက်၌ ရှိနေခဲ့သည်။

ယခင်က စာကြည့်ခန်းတွင်သာ အလုပ်လုပ်တတ်သော်လဲ ပိုင်ယွီheatဖြစ်ချိန်မှစ၍ လီယွီဖုန်းသည် ထိုစားပွဲအား အိပ်ခန်းထဲသို့ နေရာပြောင်းလိုက်သည်။

ထို့ကြောင့် ပိုင်ယွီ အိပ်ပျော်သွားသောအခါ အလုပ်လုပ်နိုင်သည်။

ယခုအခါတွင်မူ ပိုင်ယွီအတွက် ကွန်ပျူတာကိုမွှေနှောက်ရန် လွယ်ကူသွားစေခဲ့သည်။

လီယွီဖုန်းသည် သူ့ရှေ့မှ ဖန်သားပြင်အား သုန်မှုန်စွညဖြင့်ကြည့်နေလေသည်။ အခန်းထဲတွင်တပ်ထားသော ကင်မရာမှတဆင့် အရာအားလုံးကို ရှင်းလင်းစွာမြင်နေရသည်။

ပိုင်ယွီသည် ဖုန်းပြောပြီးနောက် တစ်ခုခုအကြောင်း တွေးနေသလိုဖြစ်နေသည်ကိုလဲ မြင်နေရသည်။

လီယွီဖုန်း၏နှလုံးခုန်နှုန်းတို့က မြန်ဆန်လာသည်။

သူ၏စိတ်ထဲမှ စကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲပြောနေမိသည်။ "ပိုင်ယွီ ကိုယ့်ကိုသစ္စာမဖောက်ပါနဲ့ မလုပ်လိုက်ပါနဲ့"

လက်သီးပိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသလို ရင်ထဲတွင်လဲ ခံစားချက်တို့ရှုပ်ထွေးနေသည်။

အကယ်၍ ပိုင်ယွီသာ သစ္စာမဖောက်ပါက မနက်ဖန်တွင် သူတို့လက်ထပ်နိုင်လိမ့်မည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now