Arc 4.23(2)

1.8K 148 0
                                    

unicode

အပိုင်း(၁၀၀) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၃.၂)

ယခုအခါတွင်မူ ကုတင်ခေါင်းရင်းတိုင်နှင့် လက်ထိပ်တွဲခတ်ခံရပြီး နှစ်ကြိမ်အနမ်းခံလိုက်ရုံနှင့် နှစ်သက်မှုက တိုးလာခဲ့သည်။

ဝ.၀၁%သည်လဲ အနည်းပါပေ။ မည်မျှသေးငယ်သောသားကောင်ဖြစ်ပါစေ အသားဖြစ်နေဆဲပင်။

အနည်းဆုံးတော့ တိုးတက်မှုရှိပါသေးသည်။

ရှဲ့ကျွင်းယန်၏နောက်ဆုံးနှစ်သက်မှုက ဤအကျင့်စရိုက်ကို လှုံ့ဆော်မိသော အခြေအနေမျိုးတွင်မှသာ တိုးလာသည်ဟု ပြော၍ရပါသလော။

ပြီးခဲ့သောအခေါက်၌ တစ်ကြိမ်တည်းနှင့် ၅မှတ်တိုးသွားခြင်းသည်လဲ ရှဲ့ကျွင်းယန်၏ဖုံးကွယ်ထားသောအကျင့်စရိုက်ကို အသက်သွင်းနေခြင်းကြောင့် ပမာဏများစွာတိုးသွားရခြင်းပါလော။

ရှဲ့ကျွင်းယန်ကိုကြည့်နေရင်းမှ သူ့အတွက် ရတနာသိုက်ကြီးရှာတွေ့သွားသလို ပိုင်ယွီခံစားလိုက်ရသည်။

ကျန်နေသောနှစ်သက်မှုတို့က ဤကဲ့သို့တိုးလာမည်ဟုသိခဲ့ပါလျှင် ဗီလိန်၏ထိုအကျင့်စရိုက်အား စောစောစီးစီးကကည်းက အသက်သွင်းခွင့်ပြုမိလိမ့်မည်။

"ရှဲ့ကျွင်းယန် ငါ့ကိုထပ်နမ်း"

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +ဝ.၀၁% လက်ရှိနှစ်သက်မှု ၉၅.၀၂%ပါ]

ပိုင်ယွီသည် အလွန်စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသည်။ သို့သော် သူ၏လက်များကို ကုတင်ခေါင်းရင်းဘက်တိုင်နှင့် ချုပ်နှောင်ခံထားရသည်။ နှစ်သက်မှုတို့က အရနည်းလျှင်ပင် ရှဲ့ကျွင်းယန်ကို ပွေ့ဖက်ထားချင်မိသည်။

သူ၏အဝတ်အစားများအားလုံးက ချွတ်ထားခံလိုက်ရပြီဖြစ်သည်။

ရှဲ့ကျွင်းယန်သည် သူ့ရှေ့မှလှပသောမြင်ကွင်းကိုကြည့်၍ အနည်းငယ်မျှတုန်လှုပ်နေပြီး မျက်လုံးများပင် နီရဲစပြုလာသည်။

ပိုင်ယွီနှင့်အတူအိပ်ခဲ့သည်က အကြိမ်ရေမည်မျှရှိပြီကို မသိနိုင်တော့သော်ငြား ပိုင်ယွီ၏ခန္ဓာကိုယ်လေး၌ အဆုံးမဲ့သောဆွဲဆောင်မှုများ ပိုင်ဆိုင်ထားပုံပင်။ ထိုခန္ဓာကိုယ်လေးအား ကြည့်လိုက်မိချိန်တိုင်း အလွန်အမင်းစိတ်လှုပ်ရှားရသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now