Arc 3.13(2)

2.8K 334 15
                                    

unicode

အပိုင်း(၆၆) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၃.၂)

နားထဲမှကြားနေရသော ရှောင်မီဟူ၏စကားသံကြောင့် ပိုင်ယွီ ဆွံ့အနေမိသည်။ မစ်ရှင်သည်က ပြီးမြောက်အောင်လုပ်ရမည့်အရာဖြစ်သည်။ သို့သော် သူ့ရှေ့မှဝက်ခြေထောက်ကောင်သည် မည်သည့်အချိန်အခါတွင်ဖြစ်စေ အခြေအနေကို နားမလည်သည့်ပုံပင်။ အကယ်၍သာ ထိုလူနောက်လိုက်သွားမည်ဆိုလျှင် သူ့ထံတွင် နာမည်တစ်ခုရှိထားမှရပေလိမ့်မည်။

ပိုင်ယွီက ချက်ချင်းသဘောမတူသေးဘဲ သူ့ရှေ့မှပုဂ္ဂိုလ်ကိုကြည့်ကာ အလွန်လေးနက်စွာဖြင့် ပြောလိုက်သည်။

"ရှစ်ယွင်ယီ ငါက စားစရာလဲမဟုတ်ဘူး ကျွန်တစ်ယောက်လဲမဟုတ်ဘူးဆို ငါ့ကိုဘယ်လိုတွေးစေချင်တာလဲ မင်းစိတ်ထဲမှာ ငါကဘာလဲ အဲ့အရာက ငါ့ကို မင်းနဲ့အတူ အိမ်အတူတူပြန်ချင်အောင် လုပ်ထားတာလား"

ပိုင်ယွီ၏အကြည့်များက ရှစ်ယွင်ယီထံ၌သာရှိနေပြီး ထိုသူထံမှအဖြေစကားကို စောင့်ဆိုင်းနေသည်။

ပိုင်ယွီ၏စကားလုံးများက ရှစ်ယွင်ယီအား အံ့အားသင့်သွားစေခဲ့သည်။

မည်သည့်အရာကြောင့် ပိုင်ယွီအား သူနှင့်အတူ အိမ်ပြန်လိုက်စေချင်မှန်း ကိုယ်တိုင်လဲမသိပါပေ။ လူသားတို့အတွက်မူ သွေးကျွန်ဖြစ်ရခြင်းက အကောင်းမွန်ဆုံးကောင်းချီးဖြစ်သည်။ သူ့ဘဝတွင် သွေးကျွန်တစ်ယောက်မှ မထားရှိခဲ့ဖူးပေ။

ထို့ကြောင့် ပိုင်ယွီအား သူ၏သီးသန့်သွေးကျွန်လုပ်ခိုင်းမည်ဟူ၍ပြောခဲ့ခြင်းမှာ ပိုင်ယွီအား အကြီးမြတ်ဆုံးဂုဏ်သရေကို ပေးအပ်လိုက်ခြင်းဖြစ်သည်။ သို့သော် ပိုင်ယွီက မလိုချင်ခဲ့ပေ။

"အာ..."

ရှစ်ယွင်ယီ စကားပြန်မပြောနိုင်ခဲ့ချေ။ ပိုင်ယွီအား အနားတွင်ခေါ်ထားချင်ရသည့်အကြောင်းရင်းကို သူကိုယ်တိုင်လဲ မသိပါပေ။

မည်သို့ပင်ဖြစ်စေ ထိုလူသားလေးအား သူ့နံဘေး၌သာ ရှိစေချင်ပြီး အခြားတစ်စုံတစ်ယောက်နှင့် ပူးကပ်နေမည့်မြင်ကွင်းမျိုးကို အလိုမရှိပေ။ ထိုလူသားလေးအား ကာကွယ်ပေးချင်ပြီး ထိုလူသားလေးနှင့်အတူ ယခုကဲ့သို့ နီးနီးကပ်ကပ်နေချင်မိသည်။

"အာ...အင်း..."

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Onde histórias criam vida. Descubra agora