unicode
အပိုင်း(၇၂) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၉.၂)
ချက်ချင်းဆိုသလိုပင် အသက်ရှုသံတို့က ပြတ်တောင်းပြတ်တောင်းဖြစ်လာသည်။
ပိုင်ယွီသည် မျက်လုံးများကိုလက်ဖြင့်အုပ်၍ ဆက်တိုက်ငြီးတွားနေမိသည်။
ရှစ်ယွင်ယီက ထိုသို့လုပ်ပေးလိမ့်မည်ဟု တစ်ခါမှမတွေးမိခဲ့ဖူးပေ။
အလွန်ကြီးကျယ်သောထိုပုဂ္ဂိုလ်က သူ့အား ဤသို့ပြုစုပေးနေသည်။ ထိုသူနှင့် ပက်သတ်ခဲ့ဖူးသော်လဲ ဤသို့ကိစ္စမျိုး မရှိဖူးခဲ့ပေ။
ထို့ပြင် ဤပုဂ္ဂိုလ်က ပုံမှန်ရှစ်ယွင်ယီဖြစ်နေဆဲပင်။ နေ့တိုင်းလိုလို ကြီးကြီးကျယ်ကျယ်နိုင်သော ရှစ်ယွင်ယီဖြစ်သည်။အရာအားလုံးက ပိုင်ယွီစိတ်ကူးထားသမျှထက် ကျော်လွန်နေသည်။
နှလုံးသားထဲမှ ရှက်ရွံ့မှုက ပိုင်ယွီ၏တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး သူ၏ခန္ဓာကိုယ်မှာ ဆက်တိုက်တုန်ရီနေသည်။ သူ၏ဝိဉာဉ်ကပင် အဝေးဆီပျံထွက်သွားတော့မလို ခံစားနေရသည်။
"အိုး...မင်း...မလုပ်"
"ရှောင်ယွီ မငြင်းပါနဲ့ ကိုယ်သဘောကျတယ်"
ရှစ်ယွင်ယီ၏လေသံ၌ ဖော်ပြမစွမ်းနိုင်သော နူးညံ့မှုတို့နှင့်ပြည့်နှက်နေသည်။ စကားပြောပြီးသွားသော ရှစ်ယွင်ယီသည် ခေါင်းငုံ့၍ ခရီးဆက်နေသည်။
ပိုင်ယွီသည် ဘာကိုမှမသိတော့သလို ခံစားလာရသည်။
ခန္ဓာကိုယ်၏ အလိုအလျှောက်ခံစားချက်က လုံးဝလွှမ်းမိုးသွားပြီး မျက်စိရှေ့၌ လှပသောရောင်စုံပန်းပွင့်များက တောင်ပေါ်မြေပြန့်မကျန် တူစုံပွင့်လန်းနေခဲ့သည်။
...ပြီးဆုံးသွားချိန်တွင် ရှစ်ယွင်ယီသည် သူ၏ခန္ဓာကိုယ်ကိုအုပ်မိုးကာ နောက်ထပ်စတင်ခဲ့ပြန်သည်။
အဆုံးသတ်၌ ပိုင်ယွီသည် အသံဝင်သွားသည်အထိ အော်ဟစ်ခဲ့ရသည်။
အစောပိုင်းကမ္ဘာ၂ခုတွင် ဗီလိန်များက သန်မာသော်လဲ တူညီသောကိုယ်ကာယရှိပြီး မည်မျှပင်သန်မာပါစေ ပိုင်ယွီသည်းခံနိုင်သည်။ သို့သော် ဤကမ္ဘာတွင်မူ ပိုင်ယွီကလူသားဖြစ်ကာ ရှစ်ယွင်ယီက ဗန်ပိုင်းယားဖြစ်သည်။ ထို့ပြင် ဗန်ပိုင်းယားများထဲ၌ အင်အားအကြီးဆုံးဖြစ်တည်မှုဖြစ်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️