unicode
အပိုင်း(၄၄) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၄.၂)
လီယွီဖုန်း အတော်လေးစိတ်ရှုပ်ထွေးသွားရသည်။ ထိုနေ့က သစ္စာဖောက်ခဲ့သော ပိုင်ယွီ၏ပုံစံကို မေ့၍မရပါချေ။ ထိုသို့သစ္စာဖောက်ခံရသဖြင့် သူ့နှလုံးသားကလဲ ယခုထိတိုင် နာကျင်နေရသည်။
"ငါအဲ့ဒီအကြောင်းမသိချင်ဘူး"
"ဒါပေမဲ့ ဗိုလ်ချုပ်က သခင်လေးပိုင်ကို အထင်လွဲနေတယ်လို့ ကျွန်တော်ထင်ပါတယ် မေးလ်ကိုကျွန်တော်ဖွင့်ကြည့်မိတဲ့အချိန် အကြောင်းအရာပိုင်းမှာ ကြီးကြီးမားမားလွဲချော်နေတာကို တွေ့ခဲ့ရပါတယ်"လီယွီဖုန်း မျက်မှောင်ကျုံ့လိုက်မိသည်။
"ဘာကလွဲနေတာလဲ"
ပြောရမည်ဆိုလျှင် ထိုနေ့ကကိစ္စကို လုံးဝအစမဖော်ချင်ပါပေ။
တကယ်တမ်းတွင်လဲ မချစ်သင့်ပါသောလူအား ချစ်မိခဲ့သည့် သူ့ကိုယ်သူအတည်ပြုရန် တွန့်ဆုတ်နေခြင်းလဲ ဖြစ်ပါလိမ့်မည်။
ထိုသူသည် အပြစ်သားမှန်းသိနေပါသော်လဲ သူ့ရင်ခွင်ထဲ၌သာ ထွေးပွေ့ထားပေးလိုစိတ်ကို မထိန်းချုပ်နိုင်ပါချေ။
ယခုကဲ့သို့ ထိလွယ်ရှလွယ်အနေအထားမျိုးတွင် အန်းယွီစကားကိုနားထောင်ကာ အဝေးသို့ပို့ပစ်လိုက်သင့်ပါသည်။ သို့သော် မော့ဖန်နံဘေးတွင် ရပ်နေမည့်ပိုင်ယွီအား မြင်ယောင်ကြည့်ရုံမျှနှင်ပင် သူ၏စိတ်နှလုံးတို့က ဖောက်လုဖောက်ပြန်ဖြစ်လာသလို ခံစားရသည်။ လက်သီးတင်းတင်းဆုပ်၍သာ အသိစိတ်ကိုပြန်ထိန်းရသည်။အနေအထားက ပို၍အေးစက်လာသဖြင့် နံဘေးမှလူငယ်လေးသည်လဲ ချွေးစေးများပင်ပြန်လာရသည်။စစ်ဦးစီးချုပ်ထံမှ ထုတ်လွှတ်နေသော ဖယ်ရိုမုန်းတို့၏ဖိအားများက ပြင်းထန်သောမုန်တိုင်းတစ်ခုလို သူ၏လမ်းကြောင်း၌ ရှိရှိသမျှအရာအားလုံးကို ဖျက်စီးနိုင်စွမ်းရှိသည်။
ဖြစ်နိုင်မည်ဆိုလျှင် သူလဲ ဤနေရာမှ မြန်မြန်ထွက်ပြေးသွားချင်ပါသည်။ သို့သော် အရေးကြီးကိစ္စများကို ဆက်လက်ပြောပြရန် ကျန်ရှိနေသေးသည်။
ဖိအားများအောက်တွင် လူငယ်လေးသည် သူ၏ဘာသာစကားကျွမ်းကျင်မှုကို အားကုန်ထုတ်သုံးကာ ရှင်းလင်းသောဝေါဟာရတို့ကို ထုတ်သုံးလိုက်သည်။ အရာအားလုံး ရှင်းလင်းသွားရန် မျှော်လင့်မိပါသည်။
"ဗိုလ်ချုပ် ကျွန်တော်ပြောတာလေးနားထောင်ပေးပါဦး သခင်လေးပိုင်ကနေ အမတ်ပိုင်ဆီပို့တဲ့ မေးလ်ထဲကအချက်အလက်တွေက ပြောင်းလဲခံထားရပါတယ်"
လီယွီဖုန်းသည် ထိုကောင်လေးအား အေးတိအေးစက်နှင့်ကြည့်လိုက်ပြီး နှာရှုံ့လိုက်သည်။ ထူးခြားသောတစုံတခုတွေ့လိုက်ရသည်ဟု ထင်လိုက်မိခြင်းသာဖြစ်သည်။
"အဲ့မေးလ်ထဲမှာပါတဲ့ အချက်အလက်တွေအားလုံးက နဂိုထဲက ငါပြင်ထားပြီးသား ဘယ်လိုလုပ်ပြီး အမှန်တွေရသွားနိုင်မှာလဲ"
"မဟုတ်ပါဘူး"
လူငယ်လေးမှာ စိတ်အားထက်သန်စွာ ပြောပြနေဆဲပင်။ "ကျွန်တော် မေးလ်ကိုဖွင့်ကြည့်မိလိုက်တော့ ဗိုလ်ချုပ်ပေးထားတဲ့အချက်အလက် အတုတွေကနေအခြေခံထားပေမဲ့ အကြောင်းအရာတွေကတော့ လုံးဝသွေဖီနေတာပါ"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️