Arc 1.13

5.1K 517 2
                                    

unicode

အပိုင်း(၁၃) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၁၃)

ပိုင်ယွီသည် သေလုမတတ်နာကျင်နေသော သူ၏ဂန္ဓာမာပန်းလေးကိုအုပ်ကာ ငိုကြွေးနေသည်။ သို့သော် သူကိုယ်တိုင်သည်လဲ စိတ်ကျေနပ်သွားခဲ့ပြီဖြစ်၍ ဗီလိန်သည်လဲ ကျေနပ်သင့်သည်။

ရှောင်မီဟူတင်ပြလာမည့် နှစ်သက်မှုတိုးလာသည့်အချက်အလက်များကိုသာ စောင့်နေမိသည်။

ဘာဖြစ်လို့ အရမ်းနောက်ကျနေတာလဲ။

ပိုင်ယွီသည်ပင် အနည်းငယ်မျှစိတ်ရှုပ်သွားရသည်။

"ရှောင်မီဟူ နှစ်သက်မှုက တိုးလာတယ်မဟုတ်လား ဘာလို့အခုထိမထုတ်ပြန်သေးတာလဲ"

ပိုင်ယွီမစောင့်နိုင်တော့ပေ။

ထိုအချိန်တွင် သူသည် နျဲ့လင်းယွီ၏စားသုံးခြင်းကို ခံနေရပြီး ထိုအမျိုးသား၏ခါးမှာ မော်တာတစ်လုံးနှင့်တူပြီး သူ့တစ်ကိုယ်လုံးက လဲပြိုသွားလုနီးပါးပင်။

ထို့ကြောင့် ဤအခေါက်တွင် မစ်ရှင်ကို တစ်ချက်ထဲနှင့် ပွဲသိမ်းနိုင်တော့မည့်ပုံပင်။

ပိုင်ယွီ၏နှလုံးသားထဲ၌ ပျော်ရွှင်မှုတို့ဖြင့် ပြည့်လျှံနေသည်။

ရှောင်မီဟူက မရေတွက်ပြသေးသောကြောင့် တအောင့်စောင့်နေလိုက်သည်။

သို့သော်ငြား ရှောင်မီဟူသည် မြိုသိပ်မထားနိုင်တော့သဖြင့် အားနာနေသည့်မျက်နှာထားလေးဖြင့် ပြောလာသည်။ [တကယ်တော့ နှစ်သက်မှုက တိုးမလာခဲ့ပါဘူးHost...အာ]

"မင်း ဘာပြောလိုက်တယ် ဘယ်လိုဖြစ်နိုင်မှာလဲ"

နျဲ့လင်းယွီသာ ရှေ့တွင်ရှိမနေပါက ပိုင်ယွီ ထအော်မိတော့ပေမည်။

"မင်းရဲ့ Systemက တခုခုမှားနေတာ မဟုတ်ဘူးလား"

[မမှားပါဘူး Hosr အရင်က အမှတ်တွေအရမ်းပြုတ်သွားပြီး ၃၀ပဲပြန်တက်လာရာက အခုထိလဲ အမှတ်မတက်တာမို့ အမှတ်၅၀ပဲ ကျန်ပါတော့တယ်]

ပိုင်ယွီ၏သတ်ဖြတ်လိုမှုတို့ကြောင့် ရှောင်မီဟူ၏အသံက ပို၍တိုးလျလာသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now