unicode
အပိုင်း(၇၆) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၂၃.၁)
ပိုင်ယွီက ခေါင်းငုံ့ထားပြီး နှုတ်ခမ်းကိုအသာကိုက်ထားသည်။ နောက်ဆုံး၌ သူ၏အကြည့်များထဲတွင် ခံစားချက်အချို့ ပါဝင်လာပြီဖြစ်သည်။
ဘာမှမပြောသော်လဲ ရှစ်ယွင်ယီက လက်ဦးမှုယူကာ ပိုင်ယွီအား ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
"ရှောင်ယွီ ကိုယ်တောင်းပန်ပါတယ် တကယ်ဆို မင်းနဲ့စတွေ့တဲ့မြို့လေးမှာကတည်းက သဘောကျခဲ့မိတာပါ မင်းကိုပထမဆုံးအကြိမ် စတွေ့လိုက်ကတည်းက ဒီကမ္ဘာပေါ်မှာ မင်းလောက်ချစ်စရာကောင်းတဲ့ကောင်လေးမျိုး မရှိနိုင်တော့ဘူးလို့ တွေးခဲ့မိတာပါ ဒါပေမဲ့ အဲ့အချိန်တုန်းက ဖွင့်ပြောဖို့ရှက်နေခဲ့တာ နောက်ပိုင်း ကိုယ်ဒဏ်ရာရသွားတော့လဲ မင်းပဲဂရုစိုက်ခဲ့ပေးတာလေ..."ရှစ်ယွင်ယီ၏နှလုံးသားထဲ၌ နောင်တတို့ဖြင့်ပြည့်နှက်နေပြီး ထိုရက်ကဖြစ်ပျက်ခဲ့သမျှကိစ္စအားလုံးက သူ့စိတ်ထဲ၌ အမြဲတစေရစ်ပတ်နေခဲ့သည်။ ထိုအချိန်၌ ပိုင်ယွီက စိတ်ရင်းအမှန်နှင့် ကြင်နာစွာဆက်ဆံခဲ့သော်လဲ သူကမူ သတိပြန်ဝင်လာချိန်တွင် တစ်ကိုယ်ကောင်းဆန်စွာဖြင့် ပိုင်ယွီကိုသတ်ရန် ကြံစည်ခဲ့သည်။
ပိုင်ယွီအားဖက်ထားသော ရှစ်ယွင်ယီ၏လက်များက ပို၍တင်းကြပ်လာသည်။ တကယ်တမ်းတွင် ပိုင်ယွီကသူ့အားမုန်းတီးနေလျှင်တောင် သဘာဝကျပါသည်။
မည်သို့ပင်ဆိုစေကာမူ သူကျူးလွန်ခဲ့သောအရာများက ရှိနေနှင့်ပြီးသားမဟုတ်ပါလော။"ရှောင်ယွီ ဧကရာဇ်ဆိုတဲ့အမည်နာမနဲ့ တိုင်တည်ပြီးကျိန်ဆိုပါတယ် ကိုယ်...ရှစ်ယွင်ယီ...ဒီဘဝမှာတော့ မင်းတစ်ယောက်ထဲသာ ရှိပါတယ် တကယ်လို့ လက်ထပ်မယ်ဆိုလဲ မင်းကိုပဲလက်ထပ်မှာပါ"
ရှစ်ယွင်ယီ၏စကားအဆုံး၌ ရဲတိုက်ထဲမှ အိမ်တော်ထိန်းကြီးပြေးထွက်လာပြီး ရှစ်ယွင်ယီရှေ့၌ ဒူးထောက်ချလိုက်သည်။
"လုံးဝမဖြစ်နိုင်ပါဘူး ဧကရာဇ်"
အိမ်တော်ထိန်းအိုကြီးသည် ရှစ်ယွင်ယီအား အရှင်ဟူသောနာမ်စားကိုသုံး၍သာ ခေါ်ဝေါ်တတ်ပြီး အတေကြီးကိစ္စများတွင်သာ ဧကရာဇ်ဟု ခေါ်ဝေါ်လေ့ရှိသည်။
ရှစ်ယွင်ယီသည် ဗန်ပိုင်းယားမျိုးနွယ်၏ ဧကရာဇ်ဖြစ်ပြီး အလွယ်တကူကျိန်ဆို၍မရပေ။ ပါးစပ်မှကျိန်ဆိုမိခဲ့လျှင်လဲ ကျိန်းသေပေါက်ကတိတည်ရသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️