unicode
အပိုင်း(၆၃) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၀.၂)
ဘုန်းတော်ကြီးသည် လူအများ၏အလေးစားခံရသူဖြစ်ပြီး ထိုသဘောတရားကို အရိုးစွဲနေခဲ့သည်က နှစ်ပေါင်းများစွာကြာလှပြီဖြစ်သည်။ သူ့အား မလေးစားသူတစ်ယောက်မှမရှိပေ။
ယခုကဲ့သို့ ပိုင်ယွီ၏စကားက လူတိုင်းကို သည်းမခံနိုင်ဖြစ်စေသည်။
ထို့ကြောင့် ပိုင်ယွီအား တောင်ဝှေးနှင့်ရွယ်ထား အဘိုးကြီးသည် ဒေါသထွက်သွားပြီး လက်ကိုမြှောက်၍ ပိုင်ယွီကိုယ်အား တုတ်နှင့်ရိုက်ချလိုက်သည်။
"အရှက်မရှိတဲ့ တိရစ္ဆာန်"
သို့သော် ထိုတောင်ဝှေးမှာ ပိုင်ယွီကိုမရိုက်မိခင်မှာပင် နံဘေးတွင်ရပ်နေသော ရှစ်ယွင်ယီ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်က စိတ်မကောင်းစရာပင်။
ရှစ်ယွင်ယီသည် ပိုင်ယွီ၏ငြင်းပယ်မှုကြောင့် စိတ်မချမ်းမသာဖြစ်နေရာမှ အဘိုးကြီး၏အပြုအမူကို တွေ့လိုက်ရသောအခါ သူ၏စိတ်ညစ်နေမှာကိုပုံချရန် လူရှာတွေ့သွားခဲ့သည်။
ရှစ်ယွင်ယီသည် တောင်ဝှေးကိုဆွဲယူလိုက်ပြီးနောက် အဘိုးကြီးအား ပြင်းထန်စွာကန်လိုက်လေသည်။ လူအုပ်ကြီးသည် ထိုအဘိုးကြီးလွင့်ထွက်သွားပြီးနောက် ပါးစပ်မှအမြှုပ်များထွက်၍ ချက်ချင်းသေဆုံးသွားသည်ကိုသာ မြင်လိုက်ရသည်။
ကန်ချက်တစ်ချက်ကတောင် လူကိုသေစေနိုင်တယ်....
ရုတ်ချည်းဆိုသလိုပင် လေထုက အေးခဲသွားရသည်။ အသံထွက်ရဲသူပင် မရှိတော့ပေ။
ရှစ်ယွင်ယီကသာ ထိုနေရာမှ လူတိုင်းကို အေးတိအေးစက်နှင့် လိုက်ကြည့်နေသည်။
"ငါ့ရှေ့မှာ လှုပ်စိလှုပ်စိလုပ်ချင်တဲ့လူတိုင်း အဲ့လိုသေရမယ်"
ဤသည်က လုံးဝကို အာဏာသုံး၍ ဖိနှိပ်လိုက်ခြင်းပင်။
ဤသို့အာဏာမျိုးနှင့် ရင်ဆိုင်ရသောအခါ ကြီးမြတ်လှသော အမှန်တရားတို့သည်ပင် ချက်ချင်းအဓိပ္ပါယ်မဲ့သွားရသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️