unicode
အပိုင်း(၃၃) (ငါက အရှင်Alphaရဲ့အသဲတုံးလေးလေ ၃.၁)
[သွားပြီ ဗီလိန်ရဲ့နက်မှောင်မှုတွေက ထပ်တိုးလာပြန်ပြီ ]ရှောင်မီဟူ၏အော်ကြီးဟစ်ကျယ် ရှင်းပြချက်က ရုတ်တရက်ထွက်ပေါ်လာသည်။
"အော်ဟစ်မနေနဲ့တော့ ငါ့ကိုပြောပြဖို့မလိုတော့ဘူး"
ပိုင်ယွီသည် သူ၏လက်များကို စိတ်ပျက်လက်ပျက်ကြည့်လိုက်မိသည်။ အနည်းငယ်မျှ လှုပ်ရှားလိုက်လျှင်ပင် လက်ထိပ်မှ အသံများထွက်လာလေသည်။လက်ထိပ်များက ဟောင်းနေပုံရသော်လဲ အလွန်ခိုင်မာလှသည်။
ပိုင်ယွီ သက်ပြင်းချလိုက်မိသည်။
ဗီလိန်၏နက်မှောင်မှုများသာ မတက်လာခဲ့ပါလျှင် သူသည်လဲ ဤသို့အဖမ်းခံထားရမည်မဟုတ်ပေ။
ထိုသူ၏နက်မှောင်မှုက တက်လာလေလေ သူ့အတွက် အထိနာလေဖြစ်ကြောင်း ပိုင်ယွီသိသည်။
'အနမ်းလေးတစ်ပွင့်ပဲမလား ဘာလို့အဲ့လောက်တောင် တွန့်တိုရတာလဲ တကယ်လွန်လိုက်တာ'
သို့သော် လီယွီဖုန်းသည် လုံးဝလူမဆန်သူမဟုတ်သဖြင့် ပိုင်ယွီအား အကျဉ်းထောင်သို့မပို့ခဲ့ပေ။
သို့သော် ပိုင်ယွီ၏လက်ရှိအခြေအနေကလဲ မကောင်းလှပေ။မြေအောက်ထပ်ထဲ၌ အပိတ်ခံထားရပြီး နံရံကိုကပ်၍ ချည်နှောင်ခံထားရသည်။
ကြောက်စရာအကောင်းဆုံးကိစ္စမှာ လီယွီဖုန်းထွက်မသွားခင် သူ၏ကိုယ်၌ အရှက်လုံအောင်ပတ်ထားသောစောင်ကိုပါ ယူထုတ်သွားခြင်းပင်။အပြင်ဘက်မှလေအေးတို့က တံခါးအက်ကွဲကြောင်းမှ တိုးဝင်လာသောကြောင့် ပိုင်ယွီတစ်ကိုယ်လုံး တုန်ရီနေလေသည်။
ဤနေရာသည် အေးစက်ကာစိုစွတ်နေသဖြင့် လူမနေနိုင်ပေ။
ပိုင်ယွီသည်လဲ သည်းမခံနိုင်တော့ဘဲ ကျိန်ဆဲမိသည်။"ဒီခွေးမျိုးကတော့ ဒီနေရာမှာ အရမ်းအေးတာကို မသိဘူးလား ငါ့ကိုအဝတ်လေးတစ်ပိုင်းတောင် မပေးသွားဘူး"
[ဒါပေမဲ့ အဝတ်ပေးသွားရင် Hostကထွက်ပြေးမှာမလား]
ရှောင်မီဟူက ပြောလဲပြောကာ ခေါင်းလဲတငြိမ့်ငြိမ့်လူပ်နေသည်။ သူ၏Hostက မျောက်တစ်ကောင်လိုသန်မာပျော့ပြောင်းသည် မဟုတ်ပါလော။
"မင်းက ဘယ်သူ့ကို ကူညီနေတာလဲ"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️