unicode
အပိုင်း(၄၄) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၄.၁)
လီယွီဖုန်းသည် သွားများကို တင်းတင်းစေ့ထားဆဲဖြစ်ပြီး သူ့ရင်ဘတ်ထဲလဲ အတိုင်းအဆမရှိ နာကျင်လာရသည်။
'မသွားရဘူး သွားခွင့်မပေးနိုင်ဘူး'
ပိုင်ယွီက သရော်လိုက်သည်။
"ပြီးတော့ မင်းသားမော့ဖန်ကလဲ အရည်အချင်းရှိပြီး အင်အားကြီးမဲ့ပုံပဲ မင်းထက်တော့ နိမ့်ကျမဲ့ပုံမရပါဘူး ငါကဘာလို့ ငြင်းလိုက်...အွန်း"
စကားမဆုံးခင်မှာပင် သူ၏ပါးစပ်ကို ပိတ်ဆို့ခံလိုက်ရသည်။
လီယွီဖုန်းသည် ပိုင်ယွီအား ကြမ်းတမ်းစွာဖြင့် နံရံတွင်ဖိကပ်ထားသည်။ လက်တစ်ဖက်မှ ခါးကိုဖက်ထားပြီး ကျန်တစ်ဖက်မှ လက်များကိုချုပ်ထားသည်။ ရုန်းကန်ရန်ပင် အခွင့်မရပါချေ။ပြင်းထန်သောအနမ်းက ပိုင်ယွီအား အသက်ရှုကြပ်စေသည်။ သွားများက အလွယ်တကူဖွင့်ဟခံရာပြီး ခံတွင်းအနှံ့ တိုက်ခိုက်ခြင်းခံရလေသည်။
လီယွီဖုန်း၏အနမ်းများက လွန်စွာလွှမ်းမိုးနိုင်ပြီး ပိုင်ယွီအား မြိုချလာမတတ် နမ်းရှိုက်နေသည်။ပိုင်ယွီသည် အသက်ရှုမရတော့သဖြင့် ပြင်းထန်စွာရုနကန်တော့သည်။ သူ့ရှေ့ကလူကိုပင် တွန်းထုတ်နေမိသည်။
"လီယွီဖုန်း...မင်း....လူယုတ်မာ...အွန်း"
အနမ်းများက ပို၍ပြင်းထန်လာသည်။
လီယွီဖုန်းသည် ပိုင်ယွီအား စကားထပ်မပြောစေလိုတော့ပေ။ ထိုစကားများထပ်မံကြားရပါက သည်းမခံနိုင်တော့ဘဲ မော့ဖန်အား သွားသတ်မိလိမ့်မည်ကိုပင် စိုးရိမ်ရသည်။ပိုင်ယွီသည် သူနှင့်စေ့စပ်ထားသူဖြစ်၍ သူနှင့်သာသက်ဆိုင်ပါသည်။
ပိုင်ယွီ၏ပါးစပ်မှ အခြားလူတစ်ယောက်၏နာမည်ထွက်လာလျှင် အသိစိတ်လွတ်မတတ် ဒေါသထွက်ရသည်။ ထိုသူ၏ရင်ခွင်ထဲ တိုးဝင်ချင်ပါသည်ဆိုပါက ပြောစရာပင်မကျန်တော့ချေ။
လီယွီဖုန်းသည် ပိုင်ယွီအားချုပ်နှောင်၍ သူ့ထံဆွဲခေါ်လိုက်သည်။ နောက်ဆုတ်ရန် နေရာမရှိတော့သောကြောင့် ကုတင်နားခေါ်သွားပြီး တွန်းလှဲချလိုက်သည်။ပိုင်ယွီသည် မနေ့ကအထိ ဒဏ်ရာရခဲ့ပြီး ညတိုင်းအဖျားတက်လေ့ရှိခဲ့သည်။ ဤအချိန်တွင် သည်းမခံနိုင်လောက်မှန်းသိပါသော်လဲ လီယွီဖုန်းသည် မရပ်တန့်နိုင်ခဲ့ချေ။ ပိုင်ယွီသည် သူနှင့်သာသက်ဆိုင်ကြောင်း ပြသပေးချင်မိသည်။
သူ၏လက်များက အဝတ်များကိုဆုတ်ဖြဲနေသည်။
ပြင်းထန်သောလှုပ်ရှားမှုတို့ကြောင့် ကုတင်တစ်ခုလုံး ခါရမ်းနေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️