unicode
အပိုင်း(၁၀၁) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၄.၁)
ဗီလိန်နှင့် ထိုသို့သောကိစ္စများလုပ်ရသည်ကို သဘောကျပါသည်။ သို့သော်...
ပိုင်ယွီ၏မျက်နှာ နီရဲလာသည်။ ဤအတိုင်းဆက်သွားပါက သူမခံနိုင်တော့လောက်ပေ။
"ရှဲ့ကျွင်းယန် ငါပင်ပန်းနေပြီ ငါအနားယူချင်တယ်..."
ပိုင်ယွီသည်လဲ အမှန်တကယ်ပင်ပန်းနေလေပြီ။
ကနဦး၌ နှစ်သက်မှုကိုရရန်အတွက် တောင့်ခံထားခဲ့သည်။ ယခုအခါတွင်မူ နှစ်သက်မှုရာနှုန်းပြည့်ရန် ဝ.၀၁%သာရှိတော့သော်လဲ သူ့ထံတွင် အိပ်ရာထဲ၌ဆက်နေရန်အတွက် စိတ်ခွန်အားမရှိတော့ပေ။
ပိုင်ယွီ စကားပြောနေရင်းမှ ထထိုင်လိုက်ပြီး ရှဲ့ကျွင်းယန်ကို ပြောလိုက်သည်။
"ရှောင်ယွီ ဘာဖြစ်လို့လဲ"
"မဖြစ်ဘူး ဒီအတိုင်း နည်းနည်းပင်ပန်းလာလို့"
ရှဲ့ကျွင်းယန်၏လက်မောင်းပေါ်၌ ပိုင်ယွီ ခေါင်းမှီလိုက်သည်။ သူကျောင်းမတက်ရသည်က ၇ရက် ၈ရက်ကြာခဲ့ပြီဖြစ်သည်။
ရှဲ့ကျွင်းယန်က သူ့ကိုယ်စားခွင့်ယူထားပေးခြင်းမျိုးလဲ ဖြစ်နိုင်ပါသည်။ တကယ်တမ်းတွင်မူ သူ့အနေနှင့် ကျောင်းတက်ရသည်ဖြစ်စေ မတက်ရသည်ဖြစ်စေ အရေးမကြီးပါချေ။ သူဂရုစိုက်သည်က ဗီလိန်၏နှစ်သက်မှုပင်။
"ရှဲ့ကျွင်းယန် ငါခဏလောက်အနားယူလိုက်ဦးမယ် ဟုတ်ပြီလား"
လက်ရှိအချိန်ထိ ပိုင်ယွီ၏အသက်ရှုသံများက ပြတ်တောက်ပြတ်တောက်ဖြစ်နေဆဲဖြစ်ပြီး အသံများကလဲ အက်ကွဲနေသည်။
လွန်ခဲ့သောရက်များအတွင်း လည်ချောင်းကွဲရသည်အထိ အော်ဟစ်ထားရသောကြောင့် ဖြစ်ပါလိမ့်မည်။
ရှဲ့ကျွင်းယန်၏လက်မောင်းများအကြား၌သာ လှဲချလိုက်သည်။
ရှဲ့ကျွင်းယန်၏ ထွေးပွေ့မှုက အမှန်တကယ်နွေးထွေးပြီး အလွန်အမင်းသက်တောင့်သက်သာရှိစေသည်။ အကယ်၍ ရှဲ့ကျွင်းယန်ထံ၌ ကြောက်စရာအကျင့်ဆိုးကြီးမရှိလျှင် ပို၍ကောင်းပါလိမ့်မည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️