unicode
အပိုင်း(၆၀) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၇.၁)
တစ်စုံတစ်ယောက်မှ စတင်ပြောဆိုပြီးနောက် အခြားလူများကပါ စတင်ဆဲဆိုလာသည်။ လူအများစုမှာ ဗန်ပိုင်းယားအကြောင်းကိုသာ ကြားဖူးကြပြီး ဗဟုသုတ တစ်စက်ကလေးမျှပင်မရှိကြပေ။လူတို့၏နှလုံးသားထဲတွင်မူ ဗန်ပိုင်းယားတို့သည် ရက်စက်ပြီး အဆင်အခြင်မဲ့သည်ကိုသာသိသည်။ သို့သော် အဆင့်အနိမ့်ဆုံးဗန်ပိုင်းယားသာလျှင် လူသွေးသောက်သည်ဆိုသော အမှန်တရားကိုမူ မည်သူမှမသိကြပေ။
ဗန်ပိုင်းယားတို့သည် အဆင့်မြင့်လာလေလေ လူသွေးသောက်ရန် ရွံရှာလာလေပင်။ ရှစ်ယွင်ယီကဲ့သို့ ဧကရာဇ်သည် ယူနီကွန်းတို့၏သွေးကိုသာသောက်သည်။
ထိုအချိန်တွင် မြို့တော်ဝန်သည် ပိုင်ယွီ၏နှာခေါင်းနားသို့ လက်တေ့ကြည့်လိုက်သောအခါ ဖြေးညှင်းလှသော ဝင်လေထွက်လေသဲ့သဲ့ကို ခံစားလိုက်ရသည်။ ပိုင်ယွီ၏လည်ပင်းကို ကြည့်လိုက်သောအခါ ဗန်ပိုင်းယားအကိုက်ခံထားရသော ဒဏ်ရာကိုတွေ့လိုက်ရသည်။
"သူက အခုထိမသေသေးပါဘူး ဒါပေမဲ့ တကယ်ပဲ ဗန်ပိုင်းယားအကိုက်ခံထားရပါတယ်"
ထိုသို့ပြောပြီးနောက် မြို့တော်ဝန်သည် ဘုန်းတော်ကြီးအား လှည့်ကြည့်လိုက်သည်။ ဤနေရာတွင် သူသည် မြို့တော်ဝန်ဖြစ်သော်လဲ ဂုဏ်သိက္ခာဝါစဉ်အရမူ ဘုန်းတော်ကြီးကသာ အကြီးမြတ်ဆုံးဖြစ်သည်။ ဤနေရာတွင် ဘုန်းတော်ကြီးလဲရှိနေသဖြင့် ပိုင်ယွီအား မည်သိုအပြစ်ပေးမည်ကို ထိုသူကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
ဘုန်းတော်ကြီးသည် မျက်မှောင်ကျုံ့ထားပြီး သူ့ရှေ့မှမြင်ကွင်းကို အရုပ်ဆိုးသောမျက်နှာထားနှင့် ကြည့်နေလေသည်။
"ဗန်ပိုင်းယားတွေက ရက်စက်ပြီးအကြင်နာမဲ့တယ် သူတို့လက်ထဲကနေ လွတ်နိုင်တဲ့လူကို တစ်ခါမှမမြင်ဖူးဘူး ပိုင်ယွီလို့ခေါ်တဲ့ ဒီလူငယ်လေးကတော့ သူတို့လက်ထဲက လွတ်လာတယ်ဆိုတာ အံ့သြစရာပဲ ဒါပေမဲ့လို့ သူက ဗန်ပိုင်းယားကို ကယ်ခဲ့တာကြောင့် ငါတို့ရဲ့ဘုံရန်သူပဲ သူ့ကို မီးရှို့ပြီးအပြစ်ပေးရမယ်"
ဘုန်းတော်ကြီး၏စကားအဆုံး၌ လူတိုင်း အသက်ပြင်းပြင်းရှုသွင်းလိုက်မိသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️